လက်နက်ချ မွန်တပ်ဖွဲ့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းမည်ဟု ထုတ်ပြန်

လက်နက်ချ မွန်တပ်ဖွဲ့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းမည်ဟု ထုတ်ပြန်

စစ်ကောင်စီနှင့် လက်တွဲပြီး ပြည်သူ့စစ်အဖွဲ့ပြောင်းလဲ ဆောင်ရွက်သွားမည်ဟု မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ က ထုတ်ပြန်ပြောဆို လိုက် သည်။

မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီတပ်နှင့် လက်တွဲပြီး ဌာနေ ပြည်သူ့စစ်အဖြစ်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လိုက်သည်။ မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာပြီးနောက် အစိုးရထံ လက်နက်ချ အလင်း ဝင်ခဲ့သည့် ၁၂ နှစ်ပြည့်သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီနှင့် လက်တွဲကာ ပြည်သူ့စစ်အဖြစ် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လာခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် စစ်ကောင်စီနှင့် လက်တွဲခြင်းဖြစ်သည်ဟုလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

"ပြည်သူတွေရဲ့ နေ့စဉ် လူမှုဘဝအေးချမ်း တည်ငြိမ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမယ်” ဟု မွန်ငြိမ်း ချမ်းကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

ထို့အပြင် အကြမ်းဖက်လုပ်ရပ် မှန်သမျှကို ပြတ်သားစွာကန့်ကွက် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်အတွင်းက ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ အသတ်ခံနေရသည့်အတွက် လက်နက်ပြန်ကိုင်ရခြင်း ဖြစ်သည်ဟု မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

လက်နက်ချ အလင်းဝင်ခဲ့သည့် ၁၂ နှစ်ပြည့်နေ့တွင် စစ်ဦးစီချုပ် ဗိုလ်ချုပ်နိုင်ရှောင်၏ တာဝန်များကို ဗိုလ်မှူးချုပ် နိုင်အောင်ထွန်းထံ လွှဲပြောင်းပေးခဲ့ကြောင်းလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

”မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က အလင်းဝင်ပြီးနောက်မှာ အစိုးရက ချထားပေးတဲ့နေရာမှာ ဂိတ်ဖွင့် အခွန် ကောက် အဲဒါပဲရှိတယ်။ စစ်ရေးလှုပ်ရှားမှု ဘာမှမရှိဘူး” ဟု နီးစပ်သည့် မွန်ပြည်သစ်ပါတီဝင်ဟောင်း တစ်ဦးက ပြောသည်။

မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၀၈ ခုနှစ်က မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် အဖွဲ့ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် တပ်အင်အား ၂၀၀ ကျော် လက်နက်ငယ်များနှင့်အတူ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။

အဆိုပါ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရားမဝင်လက်နက်များအပြင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံခဲ့ရ သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...