မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်စီ ချမှတ်ခံရ

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်စီ ချမှတ်ခံရ
by -
မာန်ယုကျော်
ရက္ခိုင့်တပ်မတော် (AA)၏ ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆို၍ ဘောလုံးပွဲကျင်းပခဲ့သည့် မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်သည်ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေ ကိုဦးထွန်းလှက နိရဥ္စရာသို့ ပြောသည်။ “ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က မြောက်ဦးမြို့နယ်တရားရုံးကနေ အမိန့် ချလိုက်တာဖြစ်ပါတယ်”ဟု ရှေ့နေ ကိုဦးထွန်းလှက ဆိုသည်။ မြတန်ဆောင်းဆရာတော်နှင့်အတူ ပူးပေါင်းကျင်းပခဲ့သည့် ခိုင်နီမင်းကို ထောင်ဒဏ် ၂ နှစ်အပြင် မြောက်ဦးမြို့နယ်ရဲစခန်းတွင် ပြဿနာတစ်ခုဖြစ်ပွားခဲ့မှုကြောင့် ထောင်ဒဏ် ၆ လကို တပါတည်း ကျခံရမည်ဟုလည်း ရှေ့နေက ပြောသည်။ မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းထိုင်ဆရာတော်နှင့် ခိုင်နီမင်းတို့သည် ယခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင်ကျရောက်သော ရက္ခိုင့်တပ်မတော် (AA) (၈)နှစ်မြောက်နေ့ကိုဂုဏ်ပြုကြိုဆို၍ ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဧပြီလ ၁ဝ ရက်နေ့က ဘောလုံးပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ သူတို့အား တရားမဝင်အသင်းနှင့်ဆက်သွယ်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...