ပင်လုံမြို့အတွင်း အမျိုးသမီး (၂) ဦး ဓားပြတိုက်ခံရ

ပင်လုံမြို့အတွင်း အမျိုးသမီး (၂) ဦး ဓားပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ နောင်ဟူးကျေးရွာအနီးတွင် အမျိုးသမီး ၂ ဦး ဓားပြတိုက်ခံရကြောင်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် နေ့လည်ပိုင်းအချိန်တွင် နောင်ဟူးကျေးရွာ သို့ အမျိုးသမီး (၂) ဦး ဆိုင်ကယ်ဖြင့် သွားလည်ရာ လမ်းတစ်ဝက်တွင် ပုံရိုက်ရန်ပြုလုပ်ချိန် အမည်မသိ ဓားပြတိုက် တစ်ဦးက ဓားကိုင်ပြီး လမ်းလျှောက်လာကာ ဓားထောက်ပြီး ငွေတောင်းခဲ့ကြောင်း ပင်လုံမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့ ၂ ယောက်က အဲ့နား ပုံသွားရိုက်တာ။ ဓားပြတိုက်တဲ့သူက ဓားနဲ့ သူတို့ ၂ ယောက်ဆီကို လမ်းလျှောက်လာပြီး ဓားထောက်ပြီး ပိုက်ဆံတောင်းတာ။ အဲ့ဒါနဲ့ သူတို့ ၂ ယောက်က တစ်ယောက်တစ်နေရာ ပြေးတယ်။ အဲ့မှာ တယောက်က ရေထဲခုန်ချလိုက်တယ် ဘာမှ တော့မဖြစ်ဘူး။ ဓားပြတိုက်တဲ့သူက ကျန်တစ်ယောက်ကို လိုက်ပြီး ငွေလိုက်တောင်းတာ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဓားပြတိုက်သည့် အမျိုးသားသည် အသက်ကြီးသည့်အရွယ်ဖြစ်ပြီး အမျိုးသမီးတစ်ဦးထံ ဖုန်း နဲ့ ငွေ အနည်းငယ် ဓားပြတိုက် သွားကြောင်း သိရသည်။

“တစ်ယောက်ကတော့ သူ မလိုက်တော့ ဘာမှ မဖြစ်ဘူး။ အလိုက်ခံရတဲ့တစ်ယောက်တော့ သူ့ဖုန်း နဲ့ ပိုက်ဆံ နည်းနည်းလောက်တော့ ဆုံးရှုံးရတာပေါ့။ အဲ့နားမှာ ရေကန်ရှိလို့ ကံကောင်းတယ်။ မဟုတ်ရင် ဓားပြတိုက်တဲ့သူက ဓားနဲ့ခုတ်လိုက်ရင် သွားပြီလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုဓားပြတိုက်ခံရသည့် နေရာသည် နောင်ဟူးဘုန်းကြီးကျောင်း အကျော်တွင် ရှိပြီး၊ ထိုကျေးရွာသည် ပင်လုံ၊ လွိုင်လင်ကြားရှိ ကျေးရွာဖြစ်ပြီး လက်ရှိမှာ လောင်းကစားဝိုင်း ဖွင့်ထားသည့် နေရာလည်းဖြစ်ကြောင်း သိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...