UBP ပါတီကို ဖျက်သိမ်းရန် တင်ပြထားကြောင်း သူရဦးရွှေမန်း ပြော

UBP ပါတီကို ဖျက်သိမ်းရန် တင်ပြထားကြောင်း သူရဦးရွှေမန်း ပြော

မဇ္ဈိမ။ ။ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ကို ဖျက်သိမ်းရန် တင်ပြထားကြောင်း သူရဦးရွှေမန်းက ပြောသည်။

ပါတီတွင် လုပ်ကိုင်နေသည့် ခေါင်းဆောင်အချို့မှာ အသက်ကြီးလာခြင်း၊ လူမှုရေးနှင့် အခြားအခက်အခဲများ ရှိလာသဖြင့် ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များက သဘောတူခဲ့သည်ဟု ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။

"ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို အောက်တိုဘာ ၁၁ ရက်မှစတင်ပြီး ဖျက်သိမ်းရန် သက်ဆိုင်ရာသို့ တင်ပြထားပါသည်" ဟု သူရဦးရွှေမန်းက ဆိုသည်။

ပါတီ စတင်တည်ထောင်စဉ်ကတည်းက လူအားငွေအား စိုက်ထုတ်ကာ ပါဝင်ကူညီခဲ့သူများကို ကျေးဇူးတင်ကြောင်း ဦးရွှေမန်းက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းနှင့် ဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူ့လွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ၂၀၁၉ ဧပြီ ၂၅ ရက်တွင် တရားဝင်ပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ယင်းပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်မရရှိခဲ့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...