ကျောက်ဆည်မြို့နယ် ရွှေဂူကြီးဂိတ်တွင် လူငယ် ၃ ဦးကို စစ်ကောင်စီမှ ပစ်ခတ်ဖမ်းဆီး

ကျောက်ဆည်မြို့နယ် ရွှေဂူကြီးဂိတ်တွင် လူငယ် ၃ ဦးကို စစ်ကောင်စီမှ ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အနောက်ဘက်ရှိ ရွှေဂူကြီးဂိတ်တွင် လူငယ်သုံးဦးကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီတွင် ပစ်ခတ်ဖမ်းဆီးပြီး ယနေ့ အောက်တိုဘာလ ၁၂ ရက်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခံရသူများမှာ အသက် (၂၀) ဝန်းကျင်အရွယ်ရှိ မောင်နိုင်ဇင်လင်း၊ မောင်ချစ်ခိုင်နှင့် အသက် (၁၉) နှစ်အရွယ်ရှိ မောင်ဝိုင်းချစ်တို့ဖြစ်ပြီး စစ်ကောင်စီတပ်စွဲထားသော ရွှေဂူကြီး ဂိတ်ကိုဖြတ်သန်းချိန်တွင် ဆိုင်ကယ်ရပ်မပေးခြင်းကြောင့် စစ်ကောင်စီတပ်မှ ပစ်ခတ် ဖမ်းဆီးကာ ဆိုင်ကယ် နှစ်စီးလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

''လက်ရှိအခြေအနေက အဖမ်းခံရတဲ့ ကလေး သုံးယောက်နဲ့ ဘယ်လိုမှ အဆက်သွယ်မရသေးပါဘူး။ ဘယ်မှာထိမ်းသိမ်းထားတယ်ဆိုတာ အခုချိန်ထိမသိရသေးပါဘူး။ ရွှေဂူကြီးဂိတ်ကို အရင်ကလည်းဖြတ် နေကျပါ။ အဲဒီနေ့ကျမှ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ပစ်ဖမ်းသွားတာပါ။ အသက်အန္တရာယ် ထိ စစ်ခွေးတွေ ယုတ်မာမှာစိုးပါတယ်။ သူတို့ သုံးယောက်ထဲက နိုင်ဇင်လင်းက ကျည်ထိထားတယ် ကြား ပါတယ်။ အခုလအတွင်း ကျောက်ဆည်မှာ စစ်ခွေးတွေ သောင်းကြမ်းယုတ်မာနေပါတယ်''ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၂ နာရီခန့်က ရေပြစ်ရွာနှင့် နှစ်မိုင်ခန့်သာဝေးသည့် တံတားဦးကုန်းရွာမှ ဒေါ်သိန်းဌေး အသက် (၄၇) နှစ်ကို ဖမ်းဆီးခဲ့ပြီး အောက်တို ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ အလောင်းကို သွားရောက်ယူဆောင်ခဲ့ရကြောင်း ဒေသခံများ ထံက သိရသည်။

ထို့ပြင် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ရန်ဘက်လုံရွာ (ရေပြစ်) တွင် နေထိုင်သူ အသက် (၄၀) ဝန်းကျင်ရှိ ကိုကျော်မင်းလွင်၊ အသက် (၅၀) ဝန်းကျင်အရွယ်ရှိ ရေပြစ်ရွာအုပ်ချုပ်ရေးမှူးနှင့် အသက် (၃၀) ဝန်းကျင်အရွယ်ရှိ အရပ်သားတစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၆၂၃) ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့် စာရင်းများအရ သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...