မြန်မာစစ်တပ်သည် နလပိန်းတုံးအသိဥာဏ်ဖြင့် မဲမဲမြင်ရာစွတ်ရမ်းနေသည်ဟု NUG ယာယီသမ္မတ ပြော

မြန်မာစစ်တပ်သည် နလပိန်းတုံးအသိဥာဏ်ဖြင့် မဲမဲမြင်ရာစွတ်ရမ်းနေသည်ဟု NUG ယာယီသမ္မတ ပြော

မြန်မာစစ်တပ်သည် နလပိန်းတုံးအသိဥာဏ်ဖြင့် မဲမဲမြင်ရာ စွတ်ရမ်းနေသည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလက (၇၁)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက ပိုပိုပြီး များလာပါပြီ။ မြန်မာစစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ မဲမဲမြင်ရာ စွတ်ရမ်းနေပါတယ်။ နိုင်ငံတကာက အကူအညီတွေပေးနေ ပေမယ့် စစ်ကောင်စီကိုကျော်ပြီး လူထုထံအရောက်ကူညီဖို့ အကန့်အသတ်တွေ ခပ်များများတွေ့နေရပါ တယ်။ ဒါကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အထူးအာရုံစိုက်ဖြေရှင်းဖို့ကြိုးစားကြပါ”ဟု ယာယီသမ္မတကပြောသည်။

စစ်ကောင်စီသည် သူတို့၏အကျိုးစီးပွားအတွက် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်များကို ခွဲခြားခြင်းမရှိ ဟုလည်း ယာယီသမ္မတကဆိုသည်။

“တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြ ဖို့ အထူးသတိပေးလိုပါတယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချလာမည့်အပေါ် သတိကြီးကြီးထား ရမည့်အပြင် လက်တွေ့ကျကျ တုံ့ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးခဲ့သည်။

“ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်။ ဆန့်ကျင်မယ်။ အသိအမှတ်မပြုဘူးဆိုတဲ့ အဆင့် ထက်တော့ ကျော်လွန်စဉ်းစားထားမှာဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

NUG အစိုးရအဖွဲ့အနေဖြင့်လည်း အဆုံးအဖြတ်တိုက်ပွဲအတွက် စနစ်တကျ စီမံကွပ်ကဲနိုင်ရေးအတွက် ပြင်ဆင်ထားရမည်ဟုလည်း သတိပေးခဲ့သည်။

“အထူးသဖြင့် မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ စနစ်တကျစီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့် သိကြဖို့ ကျွန်တော် အထူးတိုက်တွန်းလိုပါတယ်" ဟု ၎င်းက ပြောသည်။

နွေဦးတော်လှန်ရေးသည် နှစ် နှစ်ပြည့်ခါနီးပြီးဖြစ်၍ လူထုအနေဖြင့် တော်လှန်ရေးအပေါ် အာရုံစိုက်မှု လျော့လာတတ်ကြောင်းနှင့် အမှတ်မထင် တစ်ဆစ်ချိုးပြောင်းလဲတတ်ကြောင်းလည်း ၎င်းကမိန့်ခွန်းမှ တစ်ဆင့်ပြောကြားခဲ့သေးသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ စောဖေ

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...