ဝါးဈေးတက်သောကြောင့် တစ်နိုင်တစ်ပိုင် ဝါးထည်ပစ္စည်းလုပ်ကိုင်သူများ ရပ်နား

ဝါးဈေးတက်သောကြောင့် တစ်နိုင်တစ်ပိုင် ဝါးထည်ပစ္စည်းလုပ်ကိုင်သူများ ရပ်နား

မွန်ပြည်နယ်အတွင်း တစ်နိုင်တစ်ပိုင် ဝါးထည်လုပ်ငန်း လုပ်ကိုင်သူများ ဝါးဈေးတက်နေသောကြောင့် လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။

ကုန်ကြမ်းပစ္စည်းဖြစ်သော ဝါးဈေးများ တက်လာသောကြောင့် လုပ်ငန်းများကို ရပ်နားထားရကြောင်း  မော်လမြိုင်မှ ဝါးထည်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ခရီးသွားများတဲ့ အချိန်တွေကိုပဲ အားကိုးပြီး ဆိုင်ဖွင့်ရတာပေါ့။ အခုက ခရီးသွားလည်း နည်းတယ်။ ကုန်ကြမ်းတွေကလည်း အရင်ထက်ကို ဈေးတက်နေတော့ လုပ်ငန်းနားထားတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် ဝါးကုန်ကြမ်း ပစ္စည်းများလည်း ဈေးတက်လာသောကြောင့် ပုံစံသစ်များ ထပ်မံလုပ်ဆောင်ရန် ခက်ခဲနေကြောင်း၊ ခရီးသွားဝင်ရောက်နိုင်သည့် လာမည့် ဒီဇင်ဘာ‌လမှ ဆိုင်ခန်းများ ပြန်ဖွင့်ပြီး လုပ်ငန်း ပြန်လည်စတင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ယခင်နှစ်တွင် ဝါးတစ်လုံး ၂၅၀ ကျပ် ဝယ်ဈေးရှိသော်လည်း ယခုနှစ်တွင် ၅၅၀ ကျပ် မှ ၇၀ဝ ကျပ်ထိ ပေါက်‌ဈေးရှိနေကြောင်း သိရသည်။

သထုံမြိူ့နယ်မှ လုပ်ငန်းရှင်တစ်ဦးက "၀ါးဈေးတက်နေပေမယ့် ရောင်းနေသေးတယ်ဆိုရင်တော့ ကာမိတာပေါ့။ အခုက ဝယ်လက်လည်း မရှိ ကုန်ကြမ်းကလည်း ဈေးတက်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုရပ်တည်နိုင်မှာလဲ"ဟု ပြောသည်။

ကိုဗစ်ကာလမှ စတင်ကာ အရောင်းအဝယ်ပါးလာခြင်းဖြစ်ပြီး ဝယ်ယူသူမရှိဖြစ်နေသည်မှာ နှစ်နှစ်ကျော်လာပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါးထည်လုပ်ငန်းများ ရပ်နားလာကြပြီး လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာကြကြောင်း ၎င်းက ပြောသည်။

ယခင်က ဝါးဆံထိုး၊ ဝါးယက်တောင်၊ ဝါးဖြင့် ပြုလုပ်ထားသော စားပွဲတင်အလှဆင်ပစ္စည်းများ နှင့် ဝါးကုလားထိုင်များကို ဝယ်ယူမှုများ ရှိသော်လည်း လက်ရှိအချိန်တွင် ဝင်ရောက်ကြည့်ရှုသူ မရှိဖြစ်နေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...