ဗိုလ်မှူးချုပ်အုန်းသွင် (ငြိမ်း) နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းများမှ အချက်အလက်များထပ်မံရရှိထားပြီး မစ်ရှင်များဆက်လုပ်မည်ဟု ပြောက်ကျားအဖွဲ့ပြော

ဗိုလ်မှူးချုပ်အုန်းသွင် (ငြိမ်း) နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းများမှ အချက်အလက်များထပ်မံရရှိထားပြီး မစ်ရှင်များဆက်လုပ်မည်ဟု ပြောက်ကျားအဖွဲ့ပြော

မြိုပြပြောက်ကျားအဖွဲ့က လုပ်ကြံသတ်ဖြတ်ခြင်းခံရသော ဗိုလ်မှူးချုပ်အုန်းသွင် (ငြိမ်း) နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းများမှ အချက်အလက်များ ထပ်မံရရှိထားပြီး မစ်ရှင်များဆက်လက်ပြုလုပ်မည်ဟု Inya Urban Force က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလနှောင်းပိုင်းက ရန်ကုန် လှိုင်မြို့နယ်ရှိ နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသော အသက် ၇၂ နှစ်အရွယ် အငြိမ်းစားသံအမတ်ကြီး ဗိုလ်မှူးချုပ်အုန်းသွင်နှင့် သူ၏သားမက်တို့၏ လက်ကိုင်ဖုန်း များကို ဩစတြေးလျနိုင်ငံသို့ လုံခြုံစွာပို့ဆောင်ခဲ့ကြောင်း၊ ပညာရှင်များ၏ အကူအညီဖြင့် အချက်အလက်များ ထပ်မံရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

" ဖုန်းအတွင်းမှ အချက်အလက်များ၊ လျှို့ဝှက်သတင်းများ၊ ထိုသူတို့နှင့် ဆက်စပ်နေသော စစ်ကောင်စီခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ်ထောက်တိုင်များ၏ အချက်အလက်များကို ရယူပြီးဖြစ်ပါသည်" ဟု IUF ကဆိုသည်။

ရရှိထားသည့် အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဖြန့်ဝေသွားမည်ဟု UF က ဆိုသည်။

ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာရင်းဖြစ်သူ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇတို့မှာ စက်တင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးခဲ့သည်။

စစ်တပ်အရာရှိများ၏ နာရေးသတင်းကို အကျယ်တဝင့်ဖော်ပြလေ့ရှိသော်လည်း လုပ်ကြံသတ်ဖြတ်ခံရသူနှစ်ဦးနှင့်ပတ်သက်သော "ဝမ်းနည်းကြေကွဲခြင်း" မှာ အကျဉ်းချုံးသာဖြစ်စေခဲ့ပြီး ဈာပနအခမ်းလည်း သိုသိုသိပ်သိပ်လုပ်ဆောင်ခဲ့သည်။

ဗိုလ်မှူးချုပ်အုန်းသွင်သည် DSA စစ်တက္ကသိုလ်အပတ်စဉ် (၁၅) ကျောင်းဆင်းဖြစ်ပြီး စစ်တပ်မှအငြိမ်းစားယူကာ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာ သံအမတ်ကြီး ၊ ဘဂ်လားဒေ့ရှ် သံအမတ်၊ မော်လ်ဒိုက် သံ အမတ် နှင့်တောင်အာဖရိကသံအမတ် အဖြစ်ပါ တာဝန်ယူခဲ့သူဖြစ်သည်။

ဗိုလ်မှူးချုပ် အုန်းသွင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense Academy (NDA) တွင်လည်းသင်တန်းပို့ချနေသူဖြစ်ပြီး ၎င်း၏သားမှာ ရခိုင်ပြည်နယ်တွင် တာဝန်ကျ နေသည့်ဗိုလ်မှူး ကျော်ဇင်စိုးဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...