ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် တွေ့ဆုံဆွေးနွေးရန် RCSS ကမ်းလှမ်း

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် တွေ့ဆုံဆွေးနွေးရန် RCSS ကမ်းလှမ်း
မေလအတွင်းက RCSS နှင့်စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင်တွေ့ဆုံစဉ်
မေလအတွင်းက RCSS နှင့်စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင်တွေ့ဆုံစဉ်

ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုအတွင်းဖြစ်ပွားနေသော နိုင်ငံရေးစစ်ရေး ပဋိပက္ခများကိုဖြေရှင်းနိုင်ရေး ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေး‌နွေးကြရန် ကမ်းလှမ်းကြောင်း RCSS က ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စစ်ရေးနှင့်နိုင်ငံရေး ပဋိပက္ခများကြောင့် စစ်ပြေးရှောင် များပြားလာခြင်း၊ စီးပွားရေးကျဆင်းလာခြင်းနှင့် ဈေးကွက်မရှိခြင်း၊ ပြည်သူများစားဝတ်နေရေး ကြပ်တည်းခြင်း၊ ခရီးသွားလာရခက်ခဲခြင်းများကြောင့် ပြည်သူများအတိဒုက္ခ ရောက်နေရသည့်အတွက် ယခုကဲ့သို့ကမ်းလှမ်းဖြစ်ကြောင်း RCSS ကဆိုသည်။

“ ရှမ်းပြည်အတွင်းမှာရှိတဲ့ ပဋိပက္ခတွေ ဖြေရှင်းလျှော့နိုင်ရေးရယ်၊ စစ်တင်းမာနေတဲ့ ဒေသကြားထဲမှာ ပြည်လူထုဒုက္ခများနေတဲ့ကိစ္စကို ဖြေရှင်းနိုင်ဖို့ ကျနော်တို့ဒီနှစ်ချက်ကြောင့်ပါ “ ဟု သျှမ်းပြည်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက မဇ္ဈိမသို့ပြောသည်။

RCSS အနေဖြင့် ရှမ်းပြည်နယ်အတွင်းနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်‌ရေး၊ နိုင်ငံရေးဆွေးနွေးလိုပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်အထိ ကမ်းလှမ်းထားခြင်းဖြစ်သည်။ ထို့အပြင် လိုအပ်ပါက အချိန်ကာလကို ထပ်မံတိုးမြှင့်နိုင်ကြောင်း RCSS ကဆိုသည်။

RCSS သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။

RCSS ၏ ကမ်းလှမ်းချက်နှင့်ပတ်သက်ပြီး ရှမ်းပြည်အတွင်းရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ”ကျနော့်အမြင်ကတော့ ပဋိပက္ခဖန်တီးတာထက်စာရင် ဆွေးနွေးဖို့ ကမ်းလှမ်းတာက ကြိုဆိုရမယ့်ကိစ္စပဲ။ ကောင်းကိစ္စပဲ ” ဟု ဆိုသည်။

RCSS သည် တွေ့ဆုံမှုမှတဆင့် အခြားအဖွဲ့များနှင့်ဆက်ဆံရေးပိုမိုအဆင်ပြေရန် မျှော်မှန်းထားသည် ကိုတွေ့ရပြီး နိုင်ငံရေးနည်းနည်းလမ်းဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်အတွက် ရည်ရွယ်နေကြောင်း လေ့လာသူများကသုံးသပ်ကြသည်။

RCSS ၏ ယခုတစ်ကြိမ်ကမ်းလှမ်းချက်သည် ပထမအကြိမ်မဟုတ်ဘဲ ယခင်ကလည်း ထိုသို့ကမ်းလှမ်းမှုများရှိခဲ့ဖူးသည်။

” မဟာမိတ်ရေးရာကျတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့မူဝါဒချင်းမတူဘူး။ အချို့တွေကျတော့ စစ်ရေးမဟာမိတ်ရေးရာ၊ နိုင်ငံရေး မဟာမိတ်ရေးရာ ရှိကောင်းရှိမှာလေ။ ကျနော်တို့ဘက်ကျတော့ အဲဒါကသီးခြားရှိတယ်။ အသေးစိပ်ထပ်ပြောဖို့တော့လိုတာပေါ့ “ ဟု RCSS နှင့်အခြားအဖွဲ့များ၏ မဟာမိတ် အခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးခမ်းစံကဆိုသည်။

ယခုတွေ့ဆုံဆွေးနွေးမှုများဖြင့် မဟာမိတ်ဖြစ်လာရေး၊ စည်လုံးညီညွတ်မှုတည်ဆောက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်တို့ပင် ယုံကြည်ထားသဖြင့် ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...