မူးယစ်ဆေး ရောင်းသည်ဆိုသည့် ပျူစောထီးအဖွဲ့ဝင် တစ်ဦး သတ်ခံရ

မူးယစ်ဆေး ရောင်းသည်ဆိုသည့် ပျူစောထီးအဖွဲ့ဝင် တစ်ဦး သတ်ခံရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက မူးယစ်ဆေးရောင်းချသည့် ပျူစောထီးအဖွဲ့ဝင် တစ်ဦးကို ပစ်ခတ် ရှင်း လင်းခဲ့သည်ဟု လောင်းလုံး PDF အဖွဲ့က ပြောသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ မူးယစ်ဆေးဝါးရောင်းချနေသည့် ပျူစောထီးအဖွဲ့ဝင် ကိုဇော်ဝင်းရှိန် အသက် ၃၃ နှစ်ကို ဖမ်းဆီးစစ်ဆေးစဉ် ပြန်လည်ခုခံ ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရသည်ဟု လောင်းလုံး PDF အဖွဲ့ က အောက်တိုဘာ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရွာသားတစ်ဦး က “သူက မူးယစ်ဆေးဝါးတွေ ရောင်းနေတာ နာမည်ကြီးပဲ။ ဒိုင်လို့တောင် ပြောလို့ရတယ်။ ပျူ အဖွဲ့ဝင်လည်း ဖြစ်နေတော့ စစ်တပ်အားကိုးနဲ့ လက်ရဲဇက်ရဲပေါ့” ဟု ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့၊ ည ၇နာရီခွဲ အချိန်က မောင်းမကန်ရွာသား ပျူစောထီးအဖွဲ့ဝင်ကိုဇော်ဝင်းရှိန် ဆိုသူ ၎င်း၏နေအိမ်တွင် ရှိနေစဉ် လူ ၆ ဦး ရောက်ရှိလာကာ စစ်ဆေးမေးမြန်းပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နောက် သေဆုံးသွားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

သေဆုံးသူ ပျူစောထီးအဖွဲ့ဝင် ကိုဇော်ဝင်းရှိန် ကို လောင်းလုံး ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖြစ်သည့် PDF၊ DGRF နဲ့ TPDF တို့က သတင်းအရ သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာလ ၉

ရက်နေ့ထုတ်၊ ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။

ကိုဇော်ဝင်းရှိန် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာ ပွိုင့် ၂၂ သေနတ်တစ်လက်၊ လေသေနတ်တစ်လက်၊ ရိုက်တုတ်တစ်ခု၊ ကျင်စက်တစ်ခု၊ ဓားတစ်ချောင်း၊ မူးယစ်ဆေးဝါးချိန်သည့် ကီလိုချိန်ခွင်တစ်ခု၊ ဖုန်းလေးလုံး၊ ပိုက်ဆံ ၁၄ သိန်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရာ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ သည်ဟု PDF အဖွဲ့က ပြောသည်။

သေဆုံးသူ ကိုဇော်ဝင်းရှိန်တွင် ဇနီးနှင့် ခြောက်နှစ်အရွယ် သားတစ်ဦး၊ သုံးနှစ်အရွယ် သမီးတစ်ဦးတို့ ကျန်ရစ်ပြီး ၎င်း၏အလောင်းကို အောက်တိုဘာလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက သင်္ဂြိုလ်လိုက်သည်ဟု ရွာသားများက ပြော သည်။

ထားဝယ်ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းကို မပြုလုပ်ကြရန်နှင့် ဆက်လက် ပြုလုပ်နေ သူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လောင်းလုံး PDF အဖွဲ့များက အကြိမ်ကြိမ် တား မြစ်ထားပြီးဖြစ်သည်ဟု PDF အဖွဲ့၏ ထုတ်ပြန်ချက် ထဲတွင် ရေးသား ထားသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...