ဘူးသီးတောင်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

ဘူးသီးတောင်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံပြင်(မွတ်ဆလင်)ကျေးရွာမှ ရာအိမ်မှူးတစ်ဦးကို ယမန်နေ့(အောက်တိုဘာလ ၆ ရက်) ည ၈ နာရီကျော်ခန့်တွင် မျက်နှာဖုံးစွပ်လူတစ်စုက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကံပြင်(မွတ်ဆလင်)ကျေးရွာမှ အသက်(၄၀)ကျော်အရွယ် ရာအိမ်မှူး ဦးဆာလီဟာမောက်ကို မျက်နှာဖုံးစွပ် လူသုံးဦးက ပစ်သတ်ခဲ့သဖြင့် နေရာတွင်သေဆုံးသွားခဲ့သည်ဟု ဖိုးခေါင်ချောင်း(မွတ်ဆလင်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မိရ်ဟူဆိန်းက DMG သို့ပြောသည်။

“မနေ့က လူသုံးယောက်က မျက်နှာဖုံးအုပ်ပြီးတော့ အိမ်ရှေ့ကနေ သူ့ကိုခေါ်တယ်လို့သိရတယ်။ သူကထွက်မလာလို့ အိမ်ထဲကိုဝင်ပြီးတော့ ပစ္စတိုသေနတ်နဲ့ ပစ်သွားတာပါ။ သေနတ်ဒဏ်ရာကတော့ ဘယ်ဖက်ရင်ဘတ်မှာ ရသွားတာ။ အဲဒီနေရာမှာပဲ သေဆုံးသွားတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ပစ်ခတ်သွားသည့် မျက်နှာဖုံးစွပ်လူသုံးဦး၏ စကားပြောဆိုမှုများအရ မွတ်ဆလင်များဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ဦးဆာလီဟာမောက်၏ရုပ်အလောင်းကို ကံပြင်သုသာန်တွင် ယနေ့(အောက်တိုဘာလ ၇ ရက်) နံနက် ၁၁ နာရီခန့်တွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကံပြင်ကျေးရွာရာအိမ်မှူး ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများမှာ ARSA အဖွဲ့မှဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကပြောသည်။

“အသတ်ခံရပြီး သေသွားတာတော့ ဟုတ်ပါတယ်။ ကျနော်တို့ စုံစမ်းရသလောက်ကတော့ သူကို ARSA အကြမ်းသမားတွေက လုပ်ကြံသွားတယ်လို့ သိရတယ်။ ဘယ်ဖက်ရင်ဘတ်မှာ သေနတ်ဒဏ်ရာရပြီးတော့ သေဆုံးသွားတာပါ”ဟု ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကဆိုသည်။

ကံပြင်ကျေးရွာရာအိမ်မှူး ပစ်သတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး အနီးအနားကျေးရွာများမှ အုပ်ချုပ်ရေးမှူးများမှာလည်း အသက်အန္တရာယ် စိုးရိမ်စရာဖြစ်လာနေကြောင်း ပြောဆိုကြသည်။

 

“အခုလို ရာအိမ်မှူးတွေကို အိမ်ထိလာရောက်ပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် စိုးရိမ်မှုရှိတာပေါ့။ ကိုယ့်အသက်တောင် ကိုယ်မလုံခြုံသလို ခံစားရတယ်။ ကျနော်ဆိုရင် အိမ်တွင်းက အိမ်ပြင်တောင် မထွက်ရဲဘူး။ ပြောလို့မရဘူးလေ။ နောက်ထပ်အပစ်ခံရရင် ဘယ်လိုလုပ်မှာလဲ။ စိုးရိမ်မှုတွေရှိပါတယ်”ဟု ဦးဇော်မိရ်ဟူဆိန်းက ပြောသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...