စစ်ကောင်စီတွင် ပြည်နယ်သတ်မှတ်‌‌ရန် လုပ်ပိုင်ခွင့်မရှိကြောင်း NUGဆို

စစ်ကောင်စီတွင် ပြည်နယ်သတ်မှတ်‌‌ရန် လုပ်ပိုင်ခွင့်မရှိကြောင်း NUGဆို
စက်တင်ဘာလ ၂၆ရက်က နေပြည်တော်တွင် ဝ၊MNDAA အဖွဲ့များနှင့် စစ်ကောင်စီဥက္ကဌတွေ့ဆုံစဉ်
စက်တင်ဘာလ ၂၆ရက်က နေပြည်တော်တွင် ဝ၊MNDAA အဖွဲ့များနှင့် စစ်ကောင်စီဥက္ကဌတွေ့ဆုံစဉ်

အရပ်သားအစိုးရထံမှ အာဏာသိမ်းထားသည့် စစ်ကောင်စီတွင် ပြည်နယ်သတ်မှတ်‌‌ပေးမှုနှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့်မရှိကြောင်း NUGက ဆိုသည်။

စစ်ကောင်စီက ဦးဆောင်ပြီးကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် “ဝ” ကို ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် မူအားဖြင့်သဘောတူကြောင်း စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။

ထိုသို့ပြောဆိုမှုများ အပေါ်တွင် NUG၏သဘောထားနှင့် ပက်သက်ပြီး မဇ္ဈိမမှ မေးမြန်းခဲ့ရာ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာမှ ဦးထင်လင်းအောင်က “ကျနော့်အနေနဲ့က ပြည်နယ်တွေ သတ်မှတ်တာတို့ စစ်ကောင်စီနဲ့စကားပြောတာတို့ က စစ်ကောင်စီက ဒီဟာတွေကို ပေးလို့ရရဲ့လား၊ ပေးပိုင်ခွင့်ရှိသလားဆိုတာ ပထမဦးဆုံးစဉ်းစားရမယ်။ နောက်တစ်ခုကတော့ ဒီကောင်တွေက သူတို့အာဏာမြဲဖို့ အတွက်ဆို ပေးတယ်တို့ ယူတယ်တို့ဆိုတဲ့ အပေးအယူတွေနဲ့ ကစားနေခဲ့ကြတာ။ အဲတော့ သူတို့က ဒီလိုမျိုး ပေးပိုင်ခွင့်လည်း မရှိဘူး။ လူထုက သူတို့ကို အာဏာအပ်နှင်းထား တာလည်းမဟုတ်ဘူး။ သူတို့နဲ့စကားပြောပြီး နယ်မြေကို ရယူမယ်ဆိုတာ လူထုဆန္ဒလည်းမပါဘူး။ ဥပဒေအကြောင်းအရလည်း အခြေအမြစ်မရှိဘူး။” ဟု ပြောကြားခဲ့သည်။

စက်တင်ဘာလ၂၆ရက်နေ့က စစ်ခေါင်းဆောင်နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့ နှင့် ရှင်းပြည်တိုးတက်‌ရေးပါတီ (SSPP) တို့တွ့ဆုံခဲ့ရာတွင် ပြည်နယ်ရရှိရေးနှင့် ဗမာပြည်နယ်ဖွဲ့စည်း‌ရေးတို့ အကြောင်းပြောဆိုခဲ့ကြသည်ကို တွေ့ရသည်။

စစ်ကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်ခိုင်မာမရှိဘဲ ပြည်နယ်သတ်မှတ်ရေးကိစ္စများပြောနေခြင်းသည် လေထဲတွင် အချိန်မရွေးပျောက်ကွယ်နိုင်သွားကြောင်းလည်းNUGက ဆိုသည်။ လက်ရှိအချိန်တွင် NUGသည် တည်ဆောက်ရေးကာလအတွက်ပြင်ဆင်နေပြီး ကြားကာလအခြေခံဥပဒေရေးဆွဲရေး၊ ကြားကာလအစိုးရဖွဲ့စည်းနိုင်ရေးအတွက် တစ်ပြိုင်တည်းဆောင်ရွက်နေကြာင်း သိရသည်။

စစ်ကောင်စီသည် ငြိမ်းချမ်း‌ရေးဆွေးနွေးပွဲများကို ပြီးခဲ့သည့် မေလကတည်းက စတင်ဆောင်ရွက်နေပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်‌ရေး နှင့် ပြည်နယ်သတ်မှတ်ရေးများကို ထည့်သွင်းပြောကြားနေခြင်းဖြစ်သည်။

“စစ်ကောင်စီက ပေးခွင့်လည်းမရှိဘူး။ သူက တရားဝင်မဟုတ်ဘူး။ သူ့မှာလုပ်ပိုင်ခွင့်မရှိဘူး။ သူတို့ပြောပြောနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ချိုးဖောက်ပြီး အာဏာသိမ်းဖို့ကြိုးစားတယ်။ သူတို့မှာပေးပိုင်ခွင့်မရှိဘူး တရားဝင်မှုမရှိဘူး။ သူတို့မှာလုပ်ပိုင်ခွင့်မရှိတာကို ပြောနေတာ ဆိုတာ ထပ်ပြီးဆွေးနွေးချင်ပါတယ်။”ဟု NUGသမ္မတရုံးပြောရေး ဆိုခွင့်ရှိသူဦးကျော်ဇောက ပြောသည်။

NUGသည် အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံကောင်စီ (NUCC)မှ တစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် ကြိုးပမ်းနေကြောင်းသိရသည်။

မနေ့ကပြုလုပ်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်သုံးသပ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များကို ပြည်သူ့သို့အစီရင်ခံတင်ပြသည့် သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၃ခုနှစ်သည် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလဖြစ်ကြောင်း၊ ကြားကာလအုပ်ချုပ်ရေးအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လေယာဉ်ပစ်လက်နက်ရှိနေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...