နိုင်ငံ၏ ၅၀ရာခိုင်နှုန်းကို စိုးမိုးထားပြီး အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်နေပြီဟု NUG တရားဝင် ပြောဆို

နိုင်ငံ၏ ၅၀ရာခိုင်နှုန်းကို စိုးမိုးထားပြီး အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်နေပြီဟု NUG တရားဝင် ပြောဆို

အသွင်ကူးပြောင်းရေးကာလအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အောက်တိုဘာလ ၇ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

NUGအနေဖြင့် အသွင်ကူးပြောင်းရေးကာလအတွင် လက်ရှိအချိန်ကတည်းက အခြေခံဥပဒေရေးဆွဲရေး ၊ ကြားကာလအုပ်ချုပ်ရေးများအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က မဇ္ဈိမသို့ပြောသည်။

“ကျနော်တို့ အသွင်ကူးပြောင်းရေးကာလအတွက် အခြေခံဥပဒေဆွဲတယ်။ အဲဒီအခါမှာတိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး ရေးဆွဲနေတယ်။ အားလုံး အသွင်ကူးပြောင်းရေးကာလအတွက် အခုထဲက ပြင်ဆင်နေတယ်။ နိုင်ငံတော်ပြန်လည်တည်ဆောက်ဖို့ အချိန် ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ့်အချိန်၊ အခုတည်းကစပြီး ပြင်ဆင်ဆောင်ရွက်နေတယ်။” ဟု ဆိုသည်။

လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေးရလဒ်နှင့် ပတ်သက်ပြီး ၂၀၂၃တွင် အဆုံးအဖြတ်ပေးမည်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်ရန်အတွက်လည်း စီမံကိန်းချထားကြောင်း NUG၏ တာဝန်ရှိသူတွေက အတိအလင်းပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ကျော်လာချိန်တွင် စစ်ကောင်စီသည် စစ်ရေးအရသာ အားသာနေသော်လည်း တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးမှု ၅၀ရာခိုင်နှုန်းရှိနေပြီဖြစ်ကြောင်းသိရသည်။ ထို့အပြင် အထက်ပါစိုးမိုးနယ်မြေများအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်နေပြီး တရားရုံးများလည်းရှိနေပြီဖြစ်ကြောင်း NUGကဆိုသည်။

စိုးမိုးနယ်မြေဟူသော စကားရပ်နှင့်ပတ်သက်ပြီး “စိုးမိုးထိန်းချုပ်တယ်ဆိုတဲ့ နေရာမှာ ကျနော်တို့က ဘာကိုပြောချင်တာလဲဆိုတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မရှိတော့ဘူး။ အထိုင်စစ်စခန်းတွေ မရှိတော့ဘူး။လေယာဉ်ကတော့ အချိန်မရွေးကောင်းကင်ပေါ်က ဝဲလာတာဆိုတော့ လေယာဉ်တို့ဘာတို့ကတော့ အချိန်မရွေးရောက်လာနိုင်ပေမယ့် အဲဒီနေရာမှာ သူတို့အထိုင်စစ်စခန်းတွေ မရှိတော့ဘူး။ ပညာရေးတို့ ကျန်းမာရေးတို့ကလည်း ကျနော်တို့ NUGက လုပ်နေတာ ဖြစ်နေပြီ။” ဟု NUG ၏ Press Secretary Teamမှ ဦးနေဘုန်းလတ်က ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အာဏာပြန်လွှဲရေးအတွက် ပြည်သူလူထုက ငြိမ်းငြိမ်းချမ်းချမ်း စစ်ကောင်စီကို ဆန္ဒပြတောင်းဆိုခဲ့သော်လည်း အကြမ်းဖက်ဖြိုခွဲခြင်း၊ သတ်ဖြတ်ခြင်းများရှိခဲ့သဖြင့် ပြည်သူများက လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက်တွင် NUGအစိုးရက ဖွဲ့စည်းသည့် PDFများအပြင်၊ အင်အားစုအသီးသီး၏ တော်လှန်ရေးတပ်များအသီးသီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖွဲ့စည်းပြီး တစ်နှစ်ကျော်အကြာတွင် တော်လှန်ရေးအဖွဲ့များအနေဖြင့် နိုင်ငံဧရိယာ၏ ၅၀ရာခိုင်နှုန်းကို စိုးမိုးလာနိုင်ခြင်း၊ စစ်ရေးအခြေအနေများ တိုးတက်လာခြင်း၊ စီမံအုပ်ချုပ်ရေးများပြုလုပ်လာနိုင်ခြင်းဖြစ်သည်ဟု NUGက တရားဝင် ထုတ်ပြန်လာခြင်းဖြစ်သည်။ အထူးသဖြင့် စစ်ကောင်စီထက် အင်အားကောင်းနေသည်ဟု သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...