ဖမ်းဆီးမှုကို ရှောင်တိမ်းရင်း ရေနစ်သေဆုံးခဲ့ရသည့် သူနာပြုဆရာမအတွက် ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီက ဝမ်းနည်းကြောင်းထုတ်ပြန်

ဖမ်းဆီးမှုကို ရှောင်တိမ်းရင်း ရေနစ်သေဆုံးခဲ့ရသည့် သူနာပြုဆရာမအတွက် ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီက ဝမ်းနည်းကြောင်းထုတ်ပြန်

ထိုင်းနိုင်ငံနယ်စပ်မြို့ မဲဆောက်တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ရှောင်တိမ်းရာမှ ရေနစ်သေဆုံးခဲ့သည့် သူနာပြုဆရာမအတွက် အထူးဝမ်းနည်းရကြောင်း ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီက သတင်းထုတ်ပြန်သည်။

စိတ်သဘောထားအလွန်ပြည့်၀သော အဖိုးတန်သူနာပြု ဆရာမတစ်ဦး ဆုံးရှုံးခဲ့ရသည့်အတွက် ကျန်ရစ်သူ မိသားစုနှင့်အတူ များစွာဝမ်းနည်းရကြောင်းလည်း ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အထူးဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ ဘားအံ့ပြည်သူ့ဆေးရုံကြီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုးသည် စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုများကြောင့် မော်ဖိုးကေဒေသတွင် တိမ်းရှောင်နေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိမ်းရှောင်နေသည့်အချိန် အောက်တိုဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်တန်ဘက်တွင် ၎င်း၏ အမျိုးသားနှင့်အတူ ဈေးသွားရောက်ဝယ်ယူစဉ် ထိုင်းရဲများ၏ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းရင်း ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သေဆုံးခဲ့ရသည့် CDM သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုးသည် အသက် ၂၅ နှစ်အရွယ်ခန့်သာ ရှိသေးပြီး အသက် လေးနှစ်အရွယ် ကလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုး ရေနစ်သေဆုံးမှုသည် အကြမ်းဖက်စစ်ကောင်စီက CDM ဝန်ထမ်းများကို လိုက်လံဖမ်းဆီး နှိပ်စက်မှုများကို ရှောင်တိမ်းရာမှ နောက်ဆက်တွဲ ဖြစ်ပေါ်လာခြင်း ဖြစ်သည့်အတွက် အာဏာသိမ်းစစ်ကောင်စီကို CDM ကျန်းမာရေး ဝန်ထမ်းများနှင့်တပ်တူ ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း CDM Medical Network က ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...