ထားဝယ်ရိုးရာသပိတ်မျှောပွဲ မြို့ခံများပါဝင်ခြင်းမရှိ၍ စစ်ကောင်စီတပ် အသိုင်းအဝိုင်းမှ လူများဖြင့်သာ ကျင်းပ

ထားဝယ်ရိုးရာသပိတ်မျှောပွဲ မြို့ခံများပါဝင်ခြင်းမရှိ၍ စစ်ကောင်စီတပ် အသိုင်းအဝိုင်းမှ လူများဖြင့်သာ ကျင်းပ

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၉ ရက်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဟု စီစဉ်ထားသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲသို့ မြို့ခံများပါဝင်ခြင်းမရှိ၍ စစ်ကောင်စီတပ် အသိုင်းဝိုင်းမှ လူများဖြင့်သာ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဦးဆောင် ကျင်းပခဲ့သည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့ အပန်းဖြေ ရင်ပြင်၊ ထားဝယ်မြစ်ကမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို လုံခြုံရေး တင်းကျပ်ထားပြီး မြို့ခံပြည်သူများ ပါဝင်ခြင်းမရှိခြင်းကြောင့် စစ်ကောင်စီခန့် ဝန်ကြီးချုပ်နှင့် စစ်ကောင်စီတပ် အသိုင်းဝိုင်းမှ လူအနည်းငယ်သာ တက်ရောက်ခဲ့ကြောင်းကို စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်များတွင် ဖော်ပြထားချက်အရ သိရသည်။

"စစ်တပ် အသိုင်းဝိုင်းက လူတွေနဲ့ မြို့ထဲက လူတချို့ ပါဝင်ပေမယ့် အားလုံး ပေါင်းမှ ၁၀၀ တောင် မပြည့်ပါဘူး"ဟု ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ မကျင်းပမီ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ ညပိုင်းက ပွဲစီစဉ်ထားသည့် နေရာအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြည်သူများ ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ဘဲ သပိတ်မှောက်ကြရန် တိုက်တွန်း နိုးဆော်ခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...