ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်၊ ၈ဦးထက်မနည်းသေဆုံး

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်၊ ၈ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်း ဘုရားလေးကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဥ်ရှစ်စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးတပ်သားများ အပါအဝင် ဒေသခံ ရှစ်ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဥ်‌ ခြောက်စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဥ်နှစ်စီးဖြင့် တပ်သားများချသွားကြောင်း ဒေသခံများထံက သိရသည်။

ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်နေရာသည် ဝက်လက်မြို့နယ် တပ်ရင်းတစ်ခု၏ သင်တန်းပေးသည့်နေရာဖြစ်ပြီး သင်တန်းပေးနေစဥ် တိုက်ခိုက်ခဲ့ကာ လက်နက်နှင့်ပစ္စည်း အများအပြားသိမ်းဆည်းခဲ့ကြောင်း စစ်ကောင်စီဘက်မှလည်း ထုတ်ပြန်ထားသည်။

"အလောင်း ရှစ်လောင်းတွေ့ထားတယ်။ကွန်မန်ဒိုတပ်တွေချသွားတာ။ဒဏ်ရာရတဲ့သူတွေ၊ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိသေးတယ်။ရဟတ်ယာဥ်နဲ့လာပစ်တဲ့အချိန် ဘာမှပြန်မလုပ်နိုင်ဘူး။ကျည်ဆန်က ဘယ်နေရာကထွက်လို့ ထွက်နေမှန်းကိုမသိဘူး။တရစပ်အပစ်ခံရတာ "ဟု ကာကွယ်ရေးတပ်ဖွဲ့တစ်ခုထံမှ သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများသည် ရေလည်မော်ကျေးရွာအနီး ဒူထင်တောင်တွင် တပ်စွဲထားပြီး ရေလည်မော်ကျေးရွာနှင့် ဘုရားလေးကုန်းကျေးရွာကြားရှိ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။

ရဟတ်ယာဥ်ဖြင့် လာရောက်တိုက်ခိုက်စဥ် ဆင်နင်းကျေးရွာ စာသင်ကျောင်းကိုပါ တိုက်ခိုက်သွားခဲ့သဖြင့် စာသင်ကျောင်းပျက်စီးသွားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...