ထားဝယ်အကျဉ်းထောင်တွင် နှစ်ရှည်အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ထပ်တိုး ထောင်ဒဏ်ချမှတ်

ထားဝယ်အကျဉ်းထောင်တွင် နှစ်ရှည်အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ထပ်တိုး ထောင်ဒဏ်ချမှတ်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးထောင်ချခံထားရသည့် တက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထပ်တိုး ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ထားဝယ် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် နှစ်ရှည် ထောင်ဒဏ်များ အမိန့်ချခံထားရသော်လည်း စစ်ကောင်စီက ထိုသို့ ထပ်မံပြုလုပ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထားဝယ်အကျဉ်းထောင်တွင် ယခုရက်ပိုင်းအတွင်း ထောင်ဒဏ်ထပ်တိုး အမိန့်ချမှတ်ခံရသူ ၁၀ ဦးအနက် ကိုထွန်းဦး၊ ကိုရာဇာထွန်း၊ ကိုမင်းဆက်မှူး နှင့် ကိုမြတ်ကျော်သူတို့ကို ယခင်ထောင်ဒဏ် အမိန့်ထက် ထောင်ဒဏ် နှစ် ၂၀ စီ တပ်တိုး ချမှတ်လိုက်ကြောင်း DPPN က ဖော်ပြထားသည်။

အလားတူ ကိုစိုင်းမင်းသူ၊ ကိုလင်းထက်ကိုကို၊ ကိုအောင်အောင်၊ ကိုသက်ပိုင်ဦး၊ ကိုဆောင်းယုထွန်း နှင့် ကိုအောင်အောင်လတ် အပါအဝင် ခြောက်ဦးကိုလည်း နောက်ထပ် ထပ်တိုးထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိ ထားဝယ် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ ၂၃၆ ဦးခန့် သည် ထောင်ဒဏ် အသီးသီး ချမှတ်ခံထားရ သူများ ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူ ခုနစ်ဦး ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...