ရေဦး-ရွှေဘို လမ်းပိုင်းကို စစ်ကောင်စီတပ်က လမ်းပိတ်ထားခြင်းကြောင့် ကားအစီးရေ ၁၀၀ ကျော်ပိတ်မိနေ

ရေဦး-ရွှေဘို လမ်းပိုင်းကို စစ်ကောင်စီတပ်က လမ်းပိတ်ထားခြင်းကြောင့် ကားအစီးရေ ၁၀၀ ကျော်ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ရေဦး-ရွှေဘို ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က သဲအ်ိတ်များဖြင့် ပိတ်ဆို့ထားသည့်အတွက် ကားအစီးရေ တစ်ရာကျော် ပိတ်မိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရေဦး -ညောင်ပင်ကြီးစု- ညောင်ပင်သာ-ရွှေဘို လမ်းပိုင်းကို စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ သဲအိတ်များဖြင့် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပြည်သူတွေကို အကြောင်းမဲ့ ရိက္ခာဖြတ်ဖို့နဲ့ သူတို့အသက် စိုးရိမ်နေလို့ ပိတ်တာလို့ မြင်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယင်းသို့ ပိတ်ဆို့ထားသည့်အတွက် ရေဦးမှ ရွှေဘိုသို့ သွားရောက်မည့် ကားအစီးရေ ၁၂၇ စီးကျော် ခင်ဦးမြို့နယ်တွင် ပိတ်မိနေသည်မှာ ခြောက်ရက်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပိတ်မိနေသည့် ကားများတွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင် မော်တော်ယာဉ်များနှင့် အိမ်စီးကားများ ပါ၀င်ပြီး ခရီးသည် ဦးရေ ၃၀၀ ကျော် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

“ကားသမားတွေနဲ့ ပါလာတဲ့ ခရီးသည် ၃၀၀ ကျော်လောက်ကိုတော့ နီးစပ်ရာ ဒေသခံတွေက ကျွေးထားရတာပေါ့။ ဒါပေမဲ့ လမ်းကြောတွေပိတ်နေတဲ့ အတွက် ဒေသခံတွေကပါ ကုန်ပစ္စည်း စားစရာတွေ ပြတ်လပ်တော့မလို ဖြစ်နေပါတယ်” ဟု ခင်ဦးမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ရွှေဘို- ခင်ဦး -မဟာနန္ဒာ ကန်တော်လမ်းပေါ်တွင် ကန်တော်မှ သီးကုန်းရွာလမ်းတစ်လျောက် တွေ့ရှိရသည့် ဆိုင်ကယ် အစီးရေ ၆၀ကျော်ကိုစစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံအဖွဲ့များ က ကားသုံးစီးဖြင့် လာရောက်သိမ်းယူသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ စစ်ကောင်စီတပ်က သိမ်းဆည်းသွားသည့် ဆိုင်ကယ်များအနက် လိုင်စင်ပါသော ဆိုင်ကယ်များကို ငွေကျပ် ၂၀၀၀,၀၀၀ ဖြင့် ပြန်ရွေးယူခိုင်းကာ လိုင်စင်မပါသည့် ဆိုင်ကယ်များကို အပြီးတိုင် သိမ်းယူသွားခဲ့ကြောင်း သိရသည်။

“အခုချိန်မှာ စခ(စစ်ကောင်စီတပ်သား)တွေက အကြောင်းမျိုးမျိုးပြ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံတွေကို သတိပေးချင်တာက မလိုအပ်ဘဲ အပြင်မထွက်ကြတာ အကောင်းဆုံးပါလို့ပြောချင်ပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုး လှုပ်ရှားမှု မရှိသော်လည်း အထိုင်စခန်းချကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...