စစ်ကောင်စီက Narinjara သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်အား ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

စစ်ကောင်စီက Narinjara သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်အား ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် အခြေစိုက် Narinjara သတင်းဌာန၏ အယ်ဒီတာချုပ်အား စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) တို့ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အောက်တိုဘာလ ၅ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။

Narinjara သတင်းဌာနမှာ မဟုတ်မမှန်သတင်းအား ရေးသားဖော်ပြသည့်အတွက် ယခုကဲ့သို တရားစွဲဆိုခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်

စစ်ကောင်စီ၏ ရခိုင်နေ့စဥ် သတင်းpage တွင် ရေးသားထားခြင်းဖြစ်သည်။

'' ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ကျောက်ရစ်ကေခွဆုံ မြင်းခုံတန်းကန်ဘောင်နားရှေ့ မြို့တံတားအနီးတွင် မြောက်ဦးမြို့သစ်ရပ်ကွက် နေ ဦးထွန်းရွှေ၏ သားဖြစ်သူ ကိုသန်းနိုင်ကျော် (၂၀)နှစ် မိုင်းနင်းမိသည့် ကိစ္စအား ရေးသားဖော်ပြရာတွင် AA ထောင်ထားသည် ဒေသန္တရ လက်လုပ်မိုင်းဖြစ်ပါလျက်နှင့် တပ်မတော်မှ ထောင်ထားသည့်မိုင်းဖြစ်ကြောင်း ရေးသားဖော်ပြခြင်း၊ ၃၀- ၉- ၂၀၂၂ ရက်နေ့တွင် မိုင်းနင်းမိသူ ကိုသန်းနိုင်ကျော် သေဆုံးသွားခဲ့သည့် သတင်းအား ရေးသားဖော်ပြရာ၌ ကိုသန်းနိုင်ကျော် နင်းမိသည့် မိုင်းသည် တပ်မတော်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ထောင်ထားသည့် မိုင်းဖြစ်ကြောင်း လူထုအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းများ ရေးသားဖော်ပြခဲ့ကြောင်း သိရှိရသည်။'' ဟု ရေးသားထားသည်။

ယင်းကဲ့သို့ မဟုတ်မမှန် ရေးသားသည့်အတွက် စစ်ကောင်စီတပ်က တရားလိုလုပ်ကာ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ဆိုသည်။

ယင်းအတွက် စစ်ကောင်စီအနေဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

Narinjara သတင်းဌာနမှာ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အစောပိုင်းကလည်း ရဲတပ်ဖွဲ့က ရုံးအတွင်းသို့ လာရောက်ရှာဖွေခဲ့သည်။

ယင်းအတွက် သတင်းသမားများမှာလည်း ရှောင်နေကြောင်းသိရသည်။

ယခုကဲ့သို့ စစ်ကောင်စီက သတင်းသမားများကို တရားစွဲဆိုနေခြင်းမှာ စစ်ကောင်စီအနေဖြင့် အမှန်တရားကို မကြိုက်သည့်အတွက် ထင်သလိုလုပ်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ သတင်းထောက်တစ်ဦးက ပြောသည်။

'' အာဏာသိမ်းပြီးနောက်ပိုင်းရော အရင်ကရော သူတို့ သတင်းထောက်တွေကို ထင်သလို တရားစွဲတယ်၊ လိုရာအမှုဖွင့်တယ်၊ သတင်းမီဒီယာသမားတွေကိုလည်း သူတို့က မကြိုက်ဘူး။ အမှန် ပြောတဲ့လူကို သူတို့က မကြိုက်ဘူး။ ဒါက သူတို့ လုပ်ချင်လို လုပ်နေတာပါ ''ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် သတင်းမီဒီယာသမားများကိုလည်း ပစ်မှတ်ထားပြီး ဖမ်းဆီးထောင်ချခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...