စစ်တွေမြို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးမှ မောင်တောဒေသတွင် ဒုက္ခရောက်နေကြသူများအတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်း

စစ်တွေမြို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးမှ မောင်တောဒေသတွင် ဒုက္ခရောက်နေကြသူများအတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ လတ်တလော ဒုက္ခရောက်နေကြရသည့် ရခိုင်တိုင်းရင်းသားများကို ကူညီရန်အတွက် စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၊ ရွှေသာလမ်းနေ စန်းမြတ်ရွှေဆိုင်နှင့် ရွှေမိုးရွှေဆိုင် ပိုင်ရှင် ဦးကျော်နေဦး (ခ) ဦးကျော်ကျော် မိသားစုမှ ငွေ ကျပ်သိန်း ၅၀ လှူဒါန်းလိုက်သည်။

၎င်းငွေကို ၀ံလက်ဖောင်ဒေးရှင်းမှ တစ်ဆင့် လှူဒါန်းလိုက်ကြောင်း သိရသည်။

“ကျနော်တို့ မိသားစု လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ မောင်တောဒေသဘက်က ဒုက္ခရောက်နေတဲ့ လူတွေ တကယ်ကို အကူအညီ လိုအပ်နေတာပါ။ ဒီအချိန်မှာ လူတစ်ယောက်က တိုင်းရင်းသားဖြစ်ဖြစ် ၁၀၀ ကျပ်ဆိုရင်လည်း လူအယောက် တစ်သိန်းလှူမယ်ဆိုရင် ကျပ်သိန်း ၆၀၀ လောက် ရောက်သွားနိုင်ပါတယ်”ဟု ဦးကျော်နေဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

နည်းသည်ဖြစ်ဖြစ် များသည်ဖြစ်ဖြစ် အဓိက လှူဒါန်းကြပြီး လိုအပ်သည့်နေရာများကို အကူအညီ အရင်ဆုံးရောက်ဖို့က အရေးကြီးသည်ဟု ဆိုသည်။

“ဖြစ်တဲ့နေကလည်း သတင်းတော်တော်များများကို ဖေ့စ်ဘုတ် ပေါ်မှာလည်း ဖတ်ရှုရပါတယ်။ ကိုယ့်ရခိုင်တိုင်းရင်းသားတွေ ဒီအချိန်မှာ ထမင်းနပ်မှန်အောင် စားရပြီး လုံလုံခြံုခြံုနဲ့ နေထိုင်နေတာကို မြင်တွေ့ချင်ပါတယ်”ဟု ဦးကျော်နေဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အရပ်ရပ်မှ တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း ငွေကြေးတစ်ခုတည်းသာမဟုတ်ဘဲ မိမိတို့ တတ်နိုင်သည့် အခြားအကူအညီများကိုလည်း ပေးစေလိုသည်ဟု ဆိုသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...