ဟားခါးမြို့ပြည်သူ့ဆေးရုံးတွင် အဖမ်းခံရသူများကို ပြန်လွှတ်ပေး

ဟားခါးမြို့ပြည်သူ့ဆေးရုံးတွင် အဖမ်းခံရသူများကို ပြန်လွှတ်ပေး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက လာရောက်ပြသသည့် လူနာများနှင့် လူနာစောင့် အယောက် ၂၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ဖမ်းဆီးပြီး ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအဝင်/အထွက်များ စစ်ဆေးကာ ဆေးရုံပြင်ပလူနာဌာနသို့လာပြသည့် လူနာနှင့် ဆေးရုံအတွင်းရှိ လူနာစောင့် စုစုပေါင်း အယောက် ၂၀ ဝန်းကျင်ခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများအား ဟားခါးမြို့ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းခဲ့ပြီးနောက် ဆေးရုံက ဝန်ထမ်းတစ်ချို့နှင့် အသင်းတော်လူကြီးတစ်ချို့က ပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုခဲ့ရာ ယမန်နေ့ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“မနေ့က အဖမ်းခံရတဲ့သူတွေထဲမှာ လူနာစောင့်တွေပါတယ် ပြီးတော့ ဆေးခန်းပြဖို့လာတဲ့ လူတစ်ချို့လည်းပါတယ်။ သူတို့ကို ဆေးရုံဝန်းထဲက ကွင်းပြင်မှာ စုထားပြီးတော့ စစ်သားတွေက အယောက် ၂၀ ပြည့်ပြီ သွားမယ်လို့ ပြောတယ်ဗျ။ အဖမ်းခံရတဲ့သူတွေကို ရဲစခန်းမှာ ဖုန်းတွေကို စစ်ပြီးတော့ ဘာမှမတွေ့လို့ ထင်တယ်၊ ညနေပိုင်းမှာ ပြန်လွှတ်ပေးတာဗျ။ သူတို့ကို

ဆေးရုံလူနာတင်ကားက သွားကြိုတယ်” ဟု ဟားခါးြမို့ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့အား ရဲစခန်းတွင် စစ်ဆေးရာမှာလည်း ရဲဝန်ထမ်းများမှ ဖမ်းဆီးရသည့်အကြောင်းအရင်း မသိသည့်အတွက် အဖမ်းခံရသည့်သူများအား မည်သည့်ကိစ္စကြောင့် အဖမ်းခံလာရသည်ကို ပြန်လည်မေးမြန်းခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ကို အထက်အမိန့်အရဟုဆိုကာ စစ်သားများက သွားရောက်ဖမ်းဆီးခြင်းဖြစ်သည် သိရသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...