ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာနှင့်မညှင်းတောင်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်၊ ဂျက်ဖိုက်တာတစ်စီးလည်းလာရောက်ပစ်ခတ်နေ၊ ဒေသခံတစ်ဦးလက်မောင်းတွင်ဒဏ်ရာရ

ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာနှင့်မညှင်းတောင်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်၊ ဂျက်ဖိုက်တာတစ်စီးလည်းလာရောက်ပစ်ခတ်နေ၊ ဒေသခံတစ်ဦးလက်မောင်းတွင်ဒဏ်ရာရ
ပုံဟောင်း၊ တိုက်ပွဲနှင့် သက်ဆိုင်မှုမရှိပါ
ပုံဟောင်း၊ တိုက်ပွဲနှင့် သက်ဆိုင်မှုမရှိပါ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ရေစိုးချောင်းဗျူဟာနှင့် မညှင်းတောင်တွင် တပ်စွဲထားသော မြန်မာစစ်တပ်ကအနီးအနားရှိ ကျေးရွာများ အနီးဝန်းကျင်ကိုလက်နက်ကြီးများဖြင့် ယနေ့နံနက် ၇ နာရီခန့်ကပင် စတင်ပစ်ခတ်နေပြီး ဒေသခံတစ်ဦးတွင်လည်း လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိနေကြောင်း သိရသည်။

ယင်းနောက်ပိုင်း ယနေ့ နံနက် ၁၀ နာရီခန့်တွင် မြန်မာစစ်တပ်မှ ဂျက်ဖိုက်တာတစ်စီးသည် မညှင်းတောင် အနီးဝိုက်ရှိ ကျေးရွာများအပေါ်မှ ဝဲပျံသန်းနေကာ ကုလားချောင်းနှင့် ကုန်တန်းကျေးရွာများသို့ လက်နက်ကြီး သုံးကြိမ် ပစ်ခတ်ခဲ့ပြီး ထပ်မံပစ်ခတ်ရန် လေပေါ်၌ ဝဲပျံသန်းနေဆဲဖြစ်ကြောင်း ယင်းအနီးအနားရှိ ဒေသခံများက ပြောသည်။

ကျေးရွာသားတစ်ဦးက " အခုသုံးခေါက်ပစ်ထားပါတယ် ဂျက်ဖိုက်တာက နေပြီးတော့၊ အဲဒီလက်နက်ကြီးတွေက လူနေတဲ့ရွာတွေနားကို သွားကျပါတယ်။ ထပ်ပြီးတော့လည်း လေပေါ်မှာဝဲပျံနေပါတယ်။ ရွာတွေမှာတော့ လူသိပ်မရှိတော့ဘူး ထွက်ပြေးသွားကြပြီ" ဟုပြောသည်။

မညှင်းတောင်ရှိ စစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မောင်ဖြူကျေးရွာမှ ရွာသားတစ်ဦးတွင် လက်မောင်း၌ လက်မောင်းကြီးကျည်စ ထိမှန်သွားကြောင်း သိရသည်။

အဆိုပါရေစိုးချောင်းဗျူဟာနှင့် မညှင်းတောင်အနီးတဝိုက်ရှိ ပြိန်းတော၊ ညောင်ပင်လှ၊ မညှင်းတောင်၊ ဗောဓိကုန်း၊ ကုန်တန်း၊ ကုလားချောင်း၊ ရေမျက်၊ သမီးလှ အစရှိသည့်ကျေးရွာများမှ  ဒေသခံများမှာလည်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခင်ကည်းက ထွက်ပြေး တိမ်းရှောင်နေကြသည်။

အဆိုပါမညှင်းတောင်ပေါ်တွင် ယနေ့နံနက်  ၆ နာရီကျော်ခန့်က အေအေနှင့်မြန်မာစစ်တပ်တို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးကပြောသည်။

" တိုက်ပွဲဖြစ်ပွားတဲ့ နေရာက သေနတ်သံတွေ ဒီမနက် နည်းနည်းပါးပါး ကြားခဲ့ရတယ်။ ပီးတာနဲ့  ဒါကတစ်ဖက်သက် လူနေရွာတွေကို လှမ်းပစ်နေတာ။  ဒေသခံတွေကို ခြိမ်းခြောက်နေတဲ့သဘောပါဘဲ။ သူတို့ကလှမ်းပစ်တော့ ဒီကလည်းကြောက်ပြီး ဘေးလွှတ်ရာကိုတိမ်းရှောင်နေရပါတယ်" ဟုပြောသည်။

မြန်မာစစ်ကောင်စီတပ် ရေစိုးချောင်းဗျူဟာမှ ယမန့်နေ့ အောက်တိုဘာလ ၃ ရက်ကလည်း လက်နက်ကြီးများကို လူနေကျေးရွာမှာသို့ တစ်ရက်လုံးနီးပါး ပစ်ခတ်နေသခြင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေရကြောင်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...