USDP ပါတီ၀င်နှင့် ၀န်းရံသူများ လုပ်ကြံသတ်ဖြတ်ခံရမှုသည် မိမိတွင်တာ၀န်ရှိကြောင်း ဦးသန်းဌေး ၀န်ခံ

USDP ပါတီ၀င်နှင့် ၀န်းရံသူများ လုပ်ကြံသတ်ဖြတ်ခံရမှုသည် မိမိတွင်တာ၀န်ရှိကြောင်း ဦးသန်းဌေး ၀န်ခံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ ပါတီ၀င်များနှင့် ပါတီ၀န်းရံသူများ သတ်ဖြတ်ခံရမှုသည် မိမိတွင်သာ တာ၀န်ရှိသည်ဟု ယင်းပါတီ၏ ဥက္ကဋ္ဌ ဦးသန်းဌေးက အောက်တိုဘာ ၄ ရက် နေပြည်တော်တွင် ပြုလုပ်လျှက်ရှိသော တတိယအကြိမ် ပါတီညီလာခံပထမနေ့ အဖွင့်မိန့်ခွန်းတွင် ၀န်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီအတွက် စိတ်မကောင်းဘူလို့ ပြောရုံနဲ့ စွန့်လွှတ်သွားရတဲ့ ပုဂ္ဂိုလ်တွေအတွက် လုံလောက်တဲ့ ဆင်ခြေမဟုတ်ဘူးလို့ ဒီလိုဘဲ ယူဆပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်ကွပ်ကဲမှုမှာ တာ၀န်ရှိတယ်လို့ မိမိကိုယ်ကို မိမိသတ်မှတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပါတီ၀င်တွေ ၀န်းရံသူတွေအတွက် ဒီထက်လုံခြုံမှုပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့ ပါတီခေါင်းဆောင်အသစ်ကို ပါတီ၀င်များကိုယ်စား ကျွန်တော် ကိုယ်တိုင်မျှော်လင့်ထားပါတယ်လို့ တင်ပြလိုပါတယ်" ဟုဆိုသည်။

ထို့အပြင် သေဆုံးခဲ့သူများအတွက် အမှတ်တရ အထိမ်းအမှတ်ကျောက်တိုင်နှင့် တစ်ဦးချင်း အချက်အလက်များကို ကျောက်ထက် အက္ခရာတင်နိုင်ခဲ့ကြောင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် ဒေသတွင်းအဖွဲ့အစည်းများထံသို့ အချက်အလက်အထောက်အထားများ အမြန်ဆုံးပေးပို့ထားသည်ဟု ပြောကြားသည်။

"ကျွန်တော်ဟာ ပါတီခေါင်းဆောင်အဖြစ်နဲ့ တိုက်ပွဲကို နိုင်အောင်မတိုက်နိုင်တဲ့ တပ်မှူးဖြစ်ပါတယ်၊ ဒါအမှန်တရားပါ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရည်ညွှန်းပါတယ်။ နောက်ထပ်အသစ်အသစ်သော ပါတီအတွင်းမှာရှိနေတဲ့ တပ်မှူးအရည်အချင်းနဲ့ ပြည့်စုံတယ်လို့ ပါတီ၀င်များယူဆတဲ့ ပုဂ္ဂိုလ်များကို အလှည့်ပေးရပါဦးမယ်။" ဟု ၎င်းက ယင်းပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲအပေါ် သုံးသပ်ပြောကြားသွားခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ပါတီ၀င်နှင့် ၀န်းရံသူပေါင်း နှစ်ထောင်ကျော် သေဆုံးခဲ့ရသည့်အပြင် ပါတီသို့ လာရောက်ခိုလှုံနေသူများအတွက် ထောက်ပံ့ပေးမှုသည် ကျပ်သိန်းကိုးထောင်နီးပါး ရှိပြီဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ပါတီအား ပြိုလဲအောင်ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်နေသည့်အချိန်မျိုးတွင် ဆက်လက်တာ၀န်ထမ်းဆောင်ရန်ဆန္ဒ မပြုခြင်းမှာ ဆိုရှယ်မီဒီယာများပေါ်တွင် ဝေဖန်ထိုးနှက်နေသည့် အကြောင်းအရာများကြောင့် မဟုတ်ဘဲ ၊ ကျန်းမာရေးအခြေ အနေကြောင့်သာ အနားယူခြင်းဖြစ်ကြောင်း၊ ယင်းအတွက် ဆက်လက်တာ၀တ်ထမ်းဆောင်လိုခြင်းမရှိသည့်အတွက် စက်တင်ဘာ ၂၄ရက်တွင် ကိုယ်တိုင်အတည်ပြု နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာ ၅ ရက်သည် ယင်းပါတီ၏ ဒုတိယနေ့ ညီလာခံဆက်လက်ကျင်းပနေပြီး၊ ညီလာခံကို အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...