မြန်မာစစ်တပ် လက်ထဲရောက်နေသည့် ကျောက်တော်ဒေသခံနှစ်ဦးနှင့် မိသားစု အဆက်အသွယ်ပြတ်နေ

မြန်မာစစ်တပ် လက်ထဲရောက်နေသည့် ကျောက်တော်ဒေသခံနှစ်ဦးနှင့် မိသားစု အဆက်အသွယ်ပြတ်နေ
မြန်မာစစ်တပ် လက်ထဲရောက်နေသည်ဟု မိသားစုဝင်များကပြောဆိုသည့် ဦးလှမောင်သန်းကို တွေ့ရစဉ်။
မြန်မာစစ်တပ် လက်ထဲရောက်နေသည်ဟု မိသားစုဝင်များကပြောဆိုသည့် ဦးလှမောင်သန်းကို တွေ့ရစဉ်။

မြန်မာစစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး ခေါ်ဆောင်သွားသည်ဆိုသည့် ကျောက်တော်မြို့နယ်မှ ဒေသခံနှစ်ဦးနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက DMG သို့ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူးသည် ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃ နှစ်)ကို ဆွေးနွေးစရာရှိ၍ တပ်ရင်းသို့လာရောက်ရန် ဖုန်းဆက်ပြီးခေါ်ဆိုခဲ့သည်။ ထို့နောက် ၄င်းသည် အပေါက်ဝရွာရှိ ၄င်း၏မိတ်ဆွေဖြစ်သူ ကိုမောင်ချေ(၃၉ နှစ်)ကို အဖော်‌ခေါ်ယူကာ တပ်ရင်းသို့သွားရာမှ ယနေ့အထိ အဆက်အသွယ်မရရှိသေးဟု မိသားစုဝင်များကဆိုသည်။

“သူက ကျန်းမာရေးလည်းမကောင်းဘူး။ အရမ်းစိတ်ပူပါတယ်။ အိမ်ထောင်ဦးစီးက သူလုပ်နေတာဆိုတော့ ကျွန်မတို့ကလည်း သူ့ကိုပဲ မှီခိုနေရတာ။ ကျွန်မလည်း ဘာမှမလုပ်စားတတ်ဘူး။ အိမ်ကို အမြန်ပြန်ရောက်စေချင်တယ်။ ဘယ်နေရာကို ရောက်နေတယ်ဆိုတာလည်း မသိရတော့ စိတ်ပူတာပေါ့”ဟု ဦးလှမောင်သန်း၏ ဇနီး ဒေါ်လှအေးဆန်းကပြောသည်။

တပ်ရင်းသို့သွားပြီး နောက်တစ်ရက်အကြာ နံနက် ၁၀ နာရီခန့်တွင် ဦးလှမောင်သန်းမှ ဖုန်းဆက်လာပြီး “ငါ ခမရ ၅၃၉ တပ်ရင်းကို ရောက်နေတယ်”ဟု ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဇနီးဖြစ်သူကဆိုသည်။ ယင်းနောက် တပ်ရင်းသို့ သွားရောက်စုံစမ်းရာတွင် ၄င်းတို့မရှိကြောင်း တပ်ဘက်က တုန့်ပြန်လိုက်သည်ဟုလည်း ဆက်ပြောသည်။

“ကျွန်မစိုးရိမ်နေတာက ထိပ်ဆုံးရောက်နေပြီ။ ဘယ်လိုပြောပြရမှန်းတောင် မသိဘူး။ သူဘယ်နေရာမှာ ရောက်နေလဲ၊ ဘယ်မှာထားလဲဆိုတာတွေ သိချင်တယ်။ မိသားစုတွေ စိတ်ပူနေကြတယ်။ အိမ်က ၂ နှစ်အရွယ် သားကလည်း တစ်နေ့လုံး သူ့အဖေကိုရှာပြီး ငိုနေတယ်”ဟု ကိုမောင်ချေ၏ ဇနီးဖြစ်သူကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...