ချင်းပြည်နယ် မြောက်ပိုင်းမြို့များနှင့် ကလေးမြို့နယ်တဝိုက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ

ချင်းပြည်နယ် မြောက်ပိုင်းမြို့များနှင့် ကလေးမြို့နယ်တဝိုက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ

ချင်းပြည်နယ် မြောက်ပိုင်းမြို့များနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် MPT, Telenor ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ ရက်သတ္တပတ်ခန့်ရှိနေပြီဖြစ်ကာ ဒေသခံပြည်သူများ အခက်ကြုံနေကြရသည်ဟု သိရသည်။

ဖုန်းလိုင်းများ ဆက်တိုက်ပျောက်နေတာကြောင့် ဒေသခံပြည်သူများ အချင်းချင်းဆက်သွယ်ရာမှာသော်လည်းကောင်း၊ လုပ်ငန်းခွင်မှာသော်လည်းကောင်း အခက်အခဲများနှင့် ဆုံးရှုံးမှုများ ရင်ဆိုင်နေကြရသည်ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

“ဖုန်းလိုင်းရတဲ့ချိန်ဆို ကိုယ်နေတဲ့နေရာကနေ အရေးကြီးကိစ္စဆို ချက်ချင်းသိ၊ ချက်ချင်းဆောင်ရွက်လို့ရတာပေါ့နော်။ ဖုန်းလိုင်းက ရတချက်၊ မရတချက်ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ အလုပ်က အချင်းချင်းဖုန်းနှင့် ဆက်သွယ်ရတယ် အလုပ်သမားတွေကို ဖုန်းနှင့် လှမ်းမှာပြီး ဆောင်ရွက်ရတဲ့ အလုပ်ဆိုတော့ ဖုန်းခေါ်လို့မရရင် ကိုယ်တိုင် ကား၊ ဆိုင်ကယ်နှင့်

နေရာတကာသွားနေရတယ်လေ၊ ဆီကုန် လူပင်ပန်း အလုပ်မှာလည်း နှောင့်နှေးနေပြီဗျာ။” ဟု ကလေးမြို့တွင် လုပ်ငန်းခွင်ဦးဆောင်သူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း MPT, Telenor ဖုန်းလိုင်းများအား ဆက်တိုက်ဖုန်းခေါ်၍မရသည်မှာ ၇ ရက်နီးပါးရှိနေပြီး Ooredoo ဖုန်းလိုင်းရသော်လည်း ခေါ်ဆိုရန် အဆင်မပြေကြောင်း ၎င်းကဆက်ပြောသည်။

ဖုန်းလိုင်းများ ပြတ်တောက်ပြီး မိုဘိုင်းဒါတာများ အသုံးပြု၍မရတော့သောကြောင့် အင်တာနက်သုံးစွဲ၍လည်းမရကြောင်း Wifi လိုင်းဆွဲနိုင်သည့် သူအချင်းချင်းသာ အင်တာနက်အသုံးပြု၍ ဆက်သွယ်လို့ရကြောင်း သိရသည်။

ချင်းပြည်နယ် မြောက်ပိုင်းမြို့များဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် တီးတိန်မြို့များတွင်လည်း ဖုန်းလိုင်းများ ပြတ်တောက်နေပြီး wifi အင်တာနက်လိုင်းများလည်း နှေးနေတာကြောင့် လိုအပ်သည့်အချိန်တွင် ဆက်သွယ်ရန် ခက်ခဲမှုများ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

တီးတိန်မြို့ခံတစ်ဦးက "ဒီမှာ MPT နဲ့ Telenor လိုင်းမရတာကြာပြီ Ooredoo လိုင်းတော့ သုံးလို့ရတယ်၊ ဒါပေမယ့် အဲဒါလည်း အရမ်းကြီးအဆင်ပြေမနေဘူး၊ ခုတလော ဖုန်းလိုင်းမကောင်းတော့ အတော်လေးဒုက္ခရောက်တယ်" ဟု ပြောသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...