မန္တလေး-ကျောက်ဆည်လမ်းတွင် EPC ရုံးကားအားပစ်ခတ်တိုက်ခိုက် စခန်းမှူး နှင့် စစ်ကောင်စီ ဗိုလ်မှူး သေဆုံး

မန္တလေး-ကျောက်ဆည်လမ်းတွင် EPC ရုံးကားအားပစ်ခတ်တိုက်ခိုက် စခန်းမှူး နှင့် စစ်ကောင်စီ ဗိုလ်မှူး သေဆုံး

မန္တလေးတိုင်း၊ပုလိပ်မြို့မှ စဉ့်ကိုင်မြို့ ရှိ စီးပွားရေးဘဏ်သို့ မီတာခ အပ်နှံရန်လာသော လျှပ်စစ်ရုံးဝန်ထမ်းများ လိုက်ပါလာသည့် ကား မန္တလေး-ကျောက်ဆည်ကားလမ်း ပေါ်တော်မူဘုရားအနီးတွင် အောက်တိုဘာလ ၃ရက် နေ့လယ် ၂နာရီ မိနစ် ၅၀ တွင် ပစ်ခက်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသော ပုလိပ်မြို့စခန်းမှူး ဦးဇော်ဝင်းနှင့် တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးဇော်ဇော်နိုင်တို့ သေဆုံးသွားကြောင်း သိရသည်။

"ပြည်သူတွေဆီက မတရားကောက်ခံထားတဲ့ပိုက်ဆံတွေကို ပလိပ်EPC ရုံးကနေ စဥ့်ကိုင်ဘဏ်ကို သွားအပ်တဲ့လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ EPC ရုံးက ဂျာကြီး(မန်နေဂျာ) ဇွဲညီညီဝင်းကတော့ အခြေအနေ မသိရသေးဘူး"ဟု ဇာမနည်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

လျှပ်စစ်ရုံးမှ ဆလွန်းကားဖြင့် ဘဏ်တွင်ငွေသွားအပ်စဥ် ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းအရစောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု သုံးမိနစ်ခန့်ဖြစ်ပွားကာ စခန်းမှူးအပါအဝင် ဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီး ဆလွန်းကားမှာ မှန်များကွဲကာပျက်စီးသွားသဖြင့် ဖြစ်စဥ်နေရာတွင်ပင် ရပ်တန့်သွား‌ကြောင်း သိရသည်။

ယင်းလုပ်ဆောင်မှုကို ဇာမနည်ပြောက်ကျားတပ်ဖွဲ့၊MN PDFမြို့ပြပြောက်ကျားအထူးတပ်ဖွဲ့နှင့် Truth Keeping Force-Amarapura အဖွဲ့တို့ကလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...