နွားထိုးကြီးမြို့၌ အသတ်ခံရသည့် ရုပ်အလောင်းများပေါ် ကျောက်ပန်းတောင်း သွေးသောက်အဖွဲ့ကဒ်ပြားများ ချိတ်ဆွဲထား

နွားထိုးကြီးမြို့၌ အသတ်ခံရသည့် ရုပ်အလောင်းများပေါ် ကျောက်ပန်းတောင်း သွေးသောက်အဖွဲ့ကဒ်ပြားများ ချိတ်ဆွဲထား

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့၌ အသတ်ခံရသည့် ပြည်သူ ငါးဦး၏ ရုပ်အလောင်းများပေါ် ကျောက်ပန်းတောင်းသွေးသောက်အဖွဲ့ကဒ်ပြားများ ချိတ်ဆွဲထားကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၃ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကျောက်ပန်းတောင်းသွေးသောက်အဖွဲ့များက နွားထိုးကြီးမြို့နေ ဒေသခံသုံးဦးနှင့် နွားထိုးကြီးမြို့နယ်၊ ထန်းဂွရွာမှ ဒေသခံ နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ အောက်တိုဘာ ၄ရက် နံနက်ပိုင်းတွင် အလောင်းများအား မြို့အပြင်၌ စွန့်ပစ်သွားခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့က(စစ်ကောင်စီတပ်ဖွဲ့နဲ့ မြင်းခြံပျူစောထီးအဖွဲ့)မနေ့ည ၁၂နာရီလောက်က တစ်ယောက်ပြီးတစ်ယောက် ဝင်ခေါ်ပြီးတော့မှ အကြောင်းမဲ့သတ်တာပေါ့ဗျာ။ ဘယ်လိုမှ စွပ်စွဲစရာမရှိဘူးလေနော်။ သာမန် ပြည်သူတွေပါ။ အေးအေးချမ်းချမ်းနေကြတာ ။ အရင်တုန်းကတော့ NLD အားပေးရင်လည်း အားပေးမှာပေါ့ဗျာ။ အဲ့လိုမျိုးလုပ်တာတော့ တော်တော်ကြီးကို ရက်စက်လွန်းပါတယ်” ဟု နွားထိုးကြီးမြို့နေ ဒေသခံက မဇ္ဈိမကို ပြောသည်။

အဆိုပါအသတ်ခံရသူများ၏ ရုပ်အလောင်းများတွင် ဓားဖြင့်လည်ပင်းလှီးထားသည့် ဒဏ်ရာများတွေ့ရပြီး ၎င်းတို့၏ လည်ပင်းတွင် ကျောက်ပန်းတောင်းသွေးသောက်အဖွဲ့ကဒ်ပြားများ ချိတ်ဆွဲခံထားရကြောင်း မြို့နေဒေသခံက ဆိုသည်။

အသတ်ခံရသူများတွင် နွားထိုးကြီးမြို့ပေါ်ရှိ ဦးသိန်းလွင် (၄၇နှစ်) ၊ ဦးကျော်ဆန်း (၅၅နှစ်)၊ ကိုလှစိုး (၅၆နှစ်) နှင့် နွားထိုးကြီးမြို့နယ် ၊ ထန်းဂွရွာမှ ကိုဇင်မင်း (၃၈နှစ်) ၊ ကိုကျော်မင်း( ၄၂နှစ်) တို့ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်တွင် မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သားများကို NatoGyi – PDF က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ၎င်းတို့ကိုင်ဆောင်သည့် သေနတ် ခုနစ်လက်နှင့် ကျည်ဆန်များအား သိမ်းဆည်းရမိပြီးနောက်ပိုင်း ယခုကဲ့သို့ စစ်ကောင်စီတပ်မှ မသင်္ကာသည့်ဒေသခံပြည်သူများကို ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ၊ နောက်ပိုင်းများတွင် ယခုထက်ပိုဆိုးလာနိုင်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ထားသည်။

စက်တင်ဘာလ ၃၀ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ပျော်ဘွယ်စံပြကျေးရွာဒေသခံများသို့ PDF များသိမ်းယူသွားသည့် သေနတ် ခုနစ်လက်ဖိုး ပြန်မလျော်ပေးလျှင်၊ ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...