တီကျစ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ဒေသခံ ၁ ဦး ထောင်ဒဏ် ၁၀ နှစ် ချခံရ

တီကျစ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ဒေသခံ ၁ ဦး ထောင်ဒဏ် ၁၀ နှစ် ချခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဘိလပ်မြေစက်ရုံရှေ့တွင် စစ်ကောင်စီက စစ်ဆေးမှုပြုလုပ်နေပြီး ဖမ်းဆီးသွားသည့် ဒေသခံ တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

“ဘယ်သူ ဖမ်းခံရတာလဲတော့ အတိအကျမသိဘူး။ အဲ့ထဲမှာ ဖမ်းခံရတဲ့ လူငယ်တစ်ဦးကိုတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ဆိုပြီးတော့ ချမှတ်လိုက်ပြီ။ သူ့ကို ဖုန်းထဲမှာ စစ်ရှောင်ပုံ နဲ့ Kpay ထဲမှာ ပိုက်ဆံ ၈ သိန်းရှိတယ် ဆိုပြီးဖမ်းသွားတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

တီကျစ် စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီက ဖွင့်လှစ်စစ်ဆေးခဲ့ပြီး လူငယ်ကိုလည်း ဇူလိုင်လ က စစ်ဆေးပြီး ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကောင်စီက ကျောင်းသွားပြန်လာခဲ့သည့် လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

“ကျမ တူလေး ကျမ်းစာကျောင်းဆင်းလာပြီးတော့ ဖမ်းခံလိုက်ရတာ။ အခုထိ ပြန်မလွှတ်သေးဘူး။ သူလည်း ဘာမှ နိုင်ငံရေးမှ မလုပ်ဘူး ။ အခုချိန်ထိလည်း ဘာအဆက်သွယ်မှ ပြန်မရသေးဘူး” ဟု ဖမ်းခံရသူ၏ အမျိုးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြို့ဝင် ၊ မြို့ထွက် တွင် စစ်ဆေးရေးဂိတ်များဖွင့်ပြီး ဖမ်းဆီးစစ်ဆေး နေလျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၁ နှစ် ကျော် ကာလအတွင်းတွင် ပြည်သူ (၂,၃၃၂) ဦး သတ်ဖြတ်ခံရပြီး (၁၅,၇၄၄) ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...