မြေနိမ့်ရာ လှံစိုက်သည့် အိမ်နီးချင်းမဖြစ်ပါစေနှင့်

မြေနိမ့်ရာ လှံစိုက်သည့် အိမ်နီးချင်းမဖြစ်ပါစေနှင့်

စက်တင်ဘာလသည် မိုးနှောင်းကာလဖြစ်သည့်အားလျော်စွာ ထိုင်း-မြန်မာနယ်စပ်၌လည်း မိုးရွာသွန်းမှုများကာ မြစ်ရေ၊ ချောင်းရေမှာ စီးအားသန်လှသည်။ မိုးရာသီမကုန်ဆုံးသေးသကဲ့သို့ စစ်ရေး စစ်ရာမှာလည်း ရပ်တန့်ခြင်း မရှိသေးပေ။ ထို့ကြောင့် နှစ်နိုင်ငံနယ်စပ်ရှိ မြန်မာပြည်သူများမှာ စစ်ဘေးကို ရှောင်တိမ်းနေကြရဆဲဖြစ်သည်။

ဤသို့သော အခြေအနေ၊ အချိန်အခါကြားက ထိုင်းနိုင်ငံဘက်ခြမ်း စစ်ဘေးရှောင်တိမ်းခဲ့ကြသည့် ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ သေဘောဘိုးရွာ ဘက်မှ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများကို ထိုင်းစစ်တပ်က စက် တင်ဘာလ ၃၀ ရက်နေ့တွင် လှေဖြင့် နေရပ်ပြန်ကူးစေခဲ့သည်။

၎င်းတို့သည် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ စက်တင်ဘာလဆန်းပိုင်း ကတည်းက ယာယီ ထွက်ပြေးရောက်ရှိကြသူများဖြစ်သည်။

သောင်ရင်းမြစ်ကြောင်းမှာကျဉ်းသည့်အပြင် မိုးသည်းသည်း ရေစီးအားကောင်းချိန်ဖြစ်ရာ ထိုသို့ပြန်လည်ကူးသွား ကြသည့် စက်လှေတစ်စင်းမှာ အခြားလှေတစ်စင်းနှင့်တိုက်မိပြီး မြစ်ရေစီးရာ မျောပါရင်း နှစ်မြှုပ်လုနီးပါး ဖြစ်သွား ခဲ့သည့် ရုပ်သံတိုလေးတစ်ခုကို စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွှဲပိုင်းက နယ်စပ်ကူညီရေးအဖွဲ့တခု၏ အွန်လိုင်း စာမျက်နှာ၌ ကြည့်ရှုခဲ့ရသည်။

ရုပ်သံထဲတွင် မြစ်ကမ်းနံဘေးမှ စိုးရိမ်ထိတ်လန့်သည့် အော်ဟစ်သံများက ကြည့်ရှု သူများအတွက် စိတ်မချမ်းမြေ့မှု ဖြစ်စေခဲ့သည်။

အဆိုပါစစ်ဘေးရှောင်များသည် မိမိနိုင်ငံ၏ ဆိုးဝါးလှသော နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခကြောင့် အသက်ဘေးလွှတ် ရာရှောင်တိမ်းရင်း အိမ်နီးချင်း ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခိုလှုံမိခဲ့ခြင်းသာဖြစ်သည်။

စက်တပ်လှေဖြင့် ထိုင်းဘက်မှ ကရင်ဘက်ခြမ်းသို့ ပြန်ကူးသွားခဲ့ကြသည့် စစ်ရှောင်ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများမှာ စုစု ပေါင်း ၁၀၈ ဦးဖြစ်ကြောင်း နယ်စပ်စစ်ရှောင်အရေး အချက်အလက် ကောက်ခံသူများထံမှ သိရသည်။

ထိုသို့ လှေချင်းချိတ်ကာ မျောပါပြီး လှေတိမ်းမှောက်မှုနီးပါး အန္တရာယ်ကြုံခဲ့ရသည့် ဖြစ်စဉ်တွင် လှေပေါ်လိုက်ပါသူ ကျောင်းသူ ကျောင်းသားများမှာ ကံကောင်းထောက်မစွာ ရေနစ်ခြင်း၊ ထိခိုက်ခြင်း မရှိကြောင်း ထိုဖြစ်စဉ်ကို စုံစမ်း မေးမြန်းသူများထံမှ ပြန်လည်သိရှိခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ လှေပေါ်ပါသွားခဲ့သူများအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်စုံတစ်ရာရှိနိုင်မည်ဖြစ်သည်။

ထိုင်းအစိုးရသည် ၎င်းတို့နိုင်ငံအတွင်းသို့ တရားဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုများ အပေါ် တင်းကြပ်စွာ ကန့် သတ်ထားမှုကို ကာကွယ်ရန် နိုင်ငံတကာအစိုးရများနှင့် အေဂျင်စီများ၏ အကူအညီကို ငြင်းပယ်ကာ နယ်စပ်တစ် လျှောက်ရှိ နေရပ်စွန့်ခွာရသူများ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ငြင်းဆန်ခဲ့သည်ဟု ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) က ထောက်ပြထားသည်။

KHRG ဝက်ဘ်ဆိုက်မှ ဖော်ပြချက်တွင် ထိုင်းနိုင်ငံသည် ပြန်လည်ဖြည့်ဆည်းခြင်းမပြုရန်နှင့် အခြားအကာအကွယ် ပေးရေး အစီအမံများ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန် ဝတ္တရားများကို လေးစားလိုက်နာသင့်ပြီး ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက် အပါအဝင် အဆိုပါစံချိန်စံညွှန်းများ၊ စံနှုန်းများအပေါ် ၎င်းတို့၏ခံယူချက်များကို ပြသရန်အတွက် အခြားသော နိုင်ငံတကာ သဘောတူညီချက်များနှင့် စာချုပ်များကို လက်ခံအတည်ပြုသင့်သည်ဟုဆိုသည်။

ယခုလို ပြန်ပို့ခံရသူများမှာ လူသားများဖြစ်သလို ပြန်ခိုင်းကြသူများမှာလည်း လူသားများသာ ဖြစ်သည်။ ထို့အ တွက် လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေးသင့်သည်။ မည်သူမဆို မိမိနေအိမ်ထက် မည်သည့်အရပ်ဒေ သတွင်မှ နေပျော်ကြမည်မဟုတ်ပေရာ မိုးတိတ်၍ မြစ်ရေကျဆင်းချိန်ကို အနည်းငယ် စောင့်ဆိုင်းကာ ကျောင်းသူ ကျောင်းသားများကို ပြန်ခိုင်းသင့်သည်။ သို့မဟုတ်ပါက မည်သည့်ဘက်ကမှ ကောင်းကျိုးမဖြစ်လာဘဲ ဆိုးကျိုးများ သာရှိလာနိုင်သလို အိမ်နီးချင်းကောင်းမပီသသည့် မြေနိမ့်ရာ လှံစိုက်သူများ အဖြစ် နှစ်ဖက်ပြည်သူများက သတ် မှတ်နိုင်ပါသည်။

Most read this week

May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...