ရခိုင်တွင် ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာဘုရားပွဲတော်ကို ၅ ရက်တိုင်တိုင်ကျင်းပနေ

ရခိုင်တွင် ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာဘုရားပွဲတော်ကို ၅ ရက်တိုင်တိုင်ကျင်းပနေ

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာ ဘုရားပွဲတော်ကို ယမန်နေ့အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၅ ရက်တိုင်တိုင် ကျင်းပနေကြောင်းသိရသည်။

ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာဘုရားပွဲတော် (စိုင်းဒီးမယ်တော်) ပွဲတော်တွင်  သက်ဆိုင်ရာ ဘုရားကျောင်းများ၌ နံနက်ပိုင်းတွင် ဆွမ်းကျွေးအလှူများနှင့် လာရောက်သောဧည့်သည်များကို သက်သက်လွတ်ထမင်းကျွေးဧည့်ခံပြီး ညပိုင်းတွင် ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ဗုံ၊ဆိုင်းဝိုင်းအတီး အကများဖြင့် ကခုန်ကြသည်ဟု  သိရသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (အေအေ) နှင့် မြန်မာစစ်တပ်တို့ စစ်ရေးများ တင်းမာလျက်ရှိနေပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်သဖြင့် အဆိုပါပွဲတော်သို့ ယခင်နှစ်များထက် လာရောက်သူနည်းပါးကြောင်း ဒေသခံများကပြောသည်။

ယနေ့အောက်တိုဘာလ ၂ ရက်နေ့တွင်မူ ရာသီဥတုအခြေအနေနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် ပွဲသို့လာရောက်သူမှာ ၂၀၀ ကျော်ခန့်သာ ရှိကြောင်း ဒေသခံများကပြောသည်။

စစ်တွေမြို့တွင် မောလိပ်ရပ်ကွက်နှင့် ကျောင်းတက်လမ်းရပ်ကွက်တို့တွင် ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းစီရှိပြီး အဆိုပါဘုရားကျောင်း နှစ်ကျောင်း စလုံးတွင် ဘုရားပွဲကို ကျင်းပနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စစ်တွေမြို့၌ကျင်းပသည့် အဆိုပါပွဲတော်ကို လူပေါင်း ၅၀၀၀ ကျော်လာရောက် ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

ဟိန္ဒူဘာသာဝင်များရှိသည် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်အချို့တွင်လည်း ယခုဘုရားပွဲကို ကျင်းပလျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ကျောက်ဖြူမြို့တို့တွင် ဟိန္ဒူဘာသာဝင် စုစုပေါင်း ၂ သောင်းခန့်ရှိသည်။

စစ်တွေမြို့နယ်တွင် လူဦးရေ ၃ ထောင်ခန့် နေထိုင်ကြပြီး အများစုမှာ ကျပန်းအလုပ် လုပ်ကိုင်ကြကြောင်း သိရသည်။ (NN-8)

ဓာတ်ပုံ- ယနေ့ကျင်းပနေသည့် ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာ (စိုင်းဒီးမယ်တော်) ပွဲတော်မြင်ကွင်း

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...