ရခိုင်နှင့်ပလက်၀တွင် ၂ လနီးပါးအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၇၄၀၀ ထိရှိပြီး အဓိကကျသည့် ကုန်လမ်း၊ ရေလမ်းများကိုပိတ်ဆို့ထားသဖြင့် လူသားချင်းစာနာမှု အကူအညီများမရောက်ရှိဖြစ်နေဟု OCHA ထုတ်ပြန်

ရခိုင်နှင့်ပလက်၀တွင် ၂ လနီးပါးအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၇၄၀၀ ထိရှိပြီး အဓိကကျသည့် ကုန်လမ်း၊ ရေလမ်းများကိုပိတ်ဆို့ထားသဖြင့် လူသားချင်းစာနာမှု အကူအညီများမရောက်ရှိဖြစ်နေဟု OCHA ထုတ်ပြန်

၂၀၂၂ ခုနှစ် သြဂုတ်လမှစတင်၍ စက်တင်ဘာလ ၂၇ ရက်နေ့အထိ မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်  (AA) တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အသစ်ထွက်ပြေးလာသူ ၁၇,၄၀၀ ကျော်ရှိပြီး ယခင်နှင့် လက်ရှိထွက်ပြေးလာသူ စုစုပေါင်း စစ်ဘေးရှောင်အရည်အတွက်မှာ ၉၁,၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိရကြောင်း လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်း‌ရေးရုံး (OCHA) က စက်တင်ဘာ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

မြန်မာ့တပ်မတော် (MAF) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း၊ သြဂုတ်လမှစတင်၍ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ၎င်းတိုက်ပွဲများကြောင့် အသစ်ထွက်ပြေးလာသူ ၁၇,၄၀၀ ကျော်ရှိပြီး ယခင်နှင့် လက်ရှိ တိုက်ပွဲများမှ ထွက်ပြေးလာသူ  စုစုပေါင်း ၉၁,၀၀၀ ကျော်အထိ ရှိလာခဲ့သည်ဟု  ကုလသမဂ္ဂ၏ နောက်ဆုံး စာရင်းများအရ သိရကြောင်း၊  အထူးသဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု  သတင်းရရှိကြောင်း ဖော်ပြထားသည်။

 ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အဓိကကျသည့်  ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားပြီး အရပ်သားများ သွားလာမှုကိုလည်း ကန့်သတ်ထားပြီး လိုအပ်နေသည့် လူများဆီကို လူသားချင်းစာနာသည့်  အကူအညီများ မရောက်ရှိအောင် တားဆီးထားသည်ဟုလည်း ဖော်ပြထားသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် ကုလသမဂ္ဂနှင့် INGO အဖွဲ့အစည်းများမှ အကူအညီများ ပေးအပ်ခြင်းအပေါ် ကန့်သတ်ချက်များ ချမှတ်ပြီးနောက် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းထားရကြောင်း၊  စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ ပြတ်လပ်နေကြောင်း၊ ရခိုင်ပြည်နယ် မြို့တော် ရန်ကုန်နှင့် စစ်တွေကြား အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်နေပြီး ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ သွားလာမှုအပေါ် သက်ရောက်မှုရှိစေသည်ဟု ဆိုသည်။

အထူးသဖြင့် စားနပ်ရိက္ခာ၊ အမိုးအကာ၊ စားသုံးကုန် မဟုတ်သောပစ္စည်း နှင့် ကျန်းမာရေး ဆိုင်ရာပစ္စည်းများအတွက် ပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် ဘေးကင်းသော၊ အတားအဆီးမရှိ ဝင်ရောက်နိုင်မှုနှင့် ထပ်လောင်းရန်ပုံငွေများ အရေးတကြီး လိုအပ်ပါနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ရုတ်သိမ်းရေး ဆွေးနွေးညှိနှိုင်းရန်အတွက် ရခိုင်ပြည်နယ်အဆင့်တွင် စည်းရုံးရေး ကြိုးပမ်းမှုများ လုပ်ဆောင်နေသည်ဟုလည်း ဖော်ပြထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...