အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များအား ကူကီးအမျိုးသမီးအဖွဲ့မှ အခြေခံစား သောက်ကုန်များကူညီ

အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များအား ကူကီးအမျိုးသမီးအဖွဲ့မှ အခြေခံစား သောက်ကုန်များကူညီ

အိန္ဒိယ- မြန်မာနယ်စပ် မဏိပူရပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီခဲ့ကြောင်း ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့် အရေးအစည်းအရုံး (KWHRO) ထံက သိရသည်။

ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့် အရေးအစည်းအရုံး (KWHRO) သည် နယ်စပ် ကျေးရွာ လေးရွာ တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် အိမ်ခြေ ၂၆၀ ကို ဆီ ၊ ဆား ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ အာလူး ၊ ငါးသေတ္တာဗူး ၊ ပဲရာဇာအပြင် အခြေခံ ဆေးဝါးများ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေမှာ လုံခြုံရေး ၊ စားဝတ်နေရေးတွေအတွက် အခက်အခဲတွေ ရှိပါတယ်။ မကြာခင်ရောက်တော့မယ့် ဆောင်းရာသီကို ဖြတ်ကျော်ဘို့အတွက် လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်” ဟု KWHRO အထွေထွေအတွင်းရေးမှူး Boinu က မဇ္ဈိမ ကိုပြောသည်။

စစ်ဘေးရှောင်များသည် အိန္ဒိယအစိုးရ ၊ မဏိပူရ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးမှုခံရနိုင်၍ ရွာငယ်လေးများတွင် ခိုလှုံနေထိုင်ရသည့်အတွက် အလုပ်အကိုင် ရရှိနိုင်မှု အခွင့်အလမ်းမရှိကြောင်း သိရသည်။

လာမည့် ဆောင်းရာသီတွင် အအေးဒဏ်ခံနိုင်ရန်နှင့် လုံခြုံသော အမိုးအကာများ ပါရှိသည့် နေအိမ်များ လိုအပ်သကဲ့သို့ သက်ကြီးရွယ်အိုနှင့် ကလေးများအတွက် အနွေးထည်များလည်း လိုအပ်မည်ဟု Boinu ကဆိုသည်။

အိန္ဒိယ - မြန်မာနယ်စပ် ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာအတွက် ဒေသတွင်းရှိ ဘာသာရေးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၊ စေတနာရှင်များမှ အခါအားလျော်စွာ ထောက်ပံ့ကူညီ ခြင်းများရှိသော်လည်း လုံလောက်မှုမရှိ၍ ကျန်းမာရေးနှင့် ပညာရေးတွင် အခက်အခဲမျိုးစုံဖြင့်ကြုံတွေ့နေရကြောင်း သိရသည်။

ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့် အရေးအစည်းအရုံး (KWHRO) အနေဖြင့် ရရှိလာ သော ရန်ပုံငွေများထဲမှ စစ်အာဏာရှင်တွန်းလှန်ရာတွင် ပါဝင်ခဲ့ကြသည့် အိန္ဒိယနိုင်ငံ မိုးရေးမြို့တွင်ရှိသည့် အမျိုးသမီး CDM များနှင့် WHRD မှ လူဦးရေ ၁၀၀ ကျော်အား လစဉ်အသေးစားထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်နေ့ကလည်း စစ်ဘေးရှောင်ရွာများတွင် ခိုလှုံလျက်ရှိသည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသောသူများအား ခြုံစောင်များနှင့် မီးဖွားရာတွင် အသုံးပြုမည့် ပစ္စည်းအချို့အား ထောက်ပံ့ ကူညီပေးခဲ့ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...