တောင်ကုတ်ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွား

တောင်ကုတ်ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ဒေသခံနှစ်ဦးကို စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၃၀ အရွယ် ဦးအောင်မြသိန်းနှင့် အသက် ၃၃ နှစ်အရွယ် ဦးအောင်ချေတို့ဖြစ်သည်။ ၎င်းတို့ကို ရဲတပ်ဖွဲ့ဝင် ၆ ယောက်နှင့် စစ်သား ၂၀ ဦးတို့က နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဂူတာရပ်ကွက်မှ ဒေသခံတစ်ဦးကဆိုသည်။

“တောင်ကုတ်ရဲစခန်းက ရဲသား ၆ ယောက်လောက်ပါတယ်။ စစ်သားက အယောက် ၂၀ ကျော်လောက်ပါ၊ ရပ်ကွက်က လူကြီးတွေပါ ပါတယ်။ ၁၂ နာရီခွဲအချိန်လောက်မှာ သူတို့လမ်းကြားထဲကို ရပ်ကွက်အလိုက် ဧည့်စာရင်းဝင်စစ်တဲ့အခါ ဖမ်းသွားတာပါ။ ပုံမှန်က ဧည့်စာရင်းစစ်တယ်ဆိုရင် ညအချိန်မှစစ်တယ်။အဲဒီနေ့ကကျတော့ ဘာသတင်းရပြီး ဘာကြောင့်လဲတော့မသိဘူ။ နေ့လယ်မှာဝင်စစ်ပြီး သူတို့နှစ်ယောက်ကို ဖမ်းသွားတာပါ”ဟု သူကပြောသည်။

၎င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသေးပေ။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို DMG က ဆက်သွယ်မေးမြန်းရာတွင် “ကျနော်တို့ မသိပါ”ဟုပြောဆိုပြီး ဖုန်းချသွားခဲ့သည်။

ယခုကဲ့သို့ နေအိမ်များကို ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးခြင်းများရှိနေသည့်အတွက် ဒေသခံများမှာလည်း စိုးရိမ်နေကြသည်။

“စိုးရိမ်မှုတော့ ရှိကြတာပဲလေ။ ပုံမှန် အိမ်မှာနေရင်းနဲ့တောင် ဖမ်းသွားတယ်ဆိုတော့ အပြင်တွေထွက်ရင်တော့ ပိုစိုးရိမ်မှုရှိကြမှာပဲလေ။ တောင်ကုတ်မှာလည်း အရင်လို အသွားအလာတွေလည်း မရှိတော့ဘူး။ ကျောင်းသားတွေနဲ့ နည်းနည်းစည်ကားနေတာပါ”ဟု နောက်ထပ် တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့နောက်ပိုင်း မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် အရပ်သား (၉) ဦးအထိရှိလာနေသည်။ လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် အရပ်သားများကို သံသယဖြင့် ဖမ်းဆီးမှုရှိလာနေသော်လည်း မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်လေ့မရှိပေ။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...