‘PDF တွေကို မကြောက်ဘူး’ ဟု ကြွေးကြော်ထားသည့် ခေါဇာစခန်းမှူး အပါအဝင် ၃ ဦးကို ရေးဘီလူး အဖွဲ့ ပစ်သတ် ၊ လက်နက်များပါ သိမ်းဆည်းရမိ

‘PDF တွေကို မကြောက်ဘူး’ ဟု ကြွေးကြော်ထားသည့် ခေါဇာစခန်းမှူး အပါအဝင် ၃ ဦးကို ရေးဘီလူး အဖွဲ့ ပစ်သတ် ၊ လက်နက်များပါ သိမ်းဆည်းရမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာကြီးကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်က လစာ ထုတ်ရန် ရောက်ရှိ နေသည့် ခေါဇာ ရဲစခန်းမှူး အပါအဝင် သုံးဦးကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပစ်ခတ် ရှင်းလင်း ခံရသည့် ခေါဇာ ရဲစခန်းမှူး သည် မကြာသေးခင်ကမှ ပြောင်းလာသူ တစ်ဦး ဖြစ်ပြီး “PDF တွေကို မကြောက်လို့ ဂရုမစိုက်လို့ ဒီနယ်ကို ပြောင်းလာတာ” ဟု ကြွေးကြော်ထားသူဖြစ်ကြောင်း ရေးဘီလူးအဖွဲ့မှ ခေါင်းဆောင် ဖြစ်သူက ပြောဆိုထားသည်။

“သူက ခေါဇာကနေ အိမ်စီးကားနဲ့ တက်လာတဲ့ အချိန် ကဗျာကြီးကျေးရွာနားမှာ ပိတ်ဆို့ ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်တယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင် ဖြစ်သူက ပြောသည်။

ရေးဘီလူးအဖွဲ့သည် ခေါဇာရဲစခန်းမှူး အပါအဝင် တပ်သား နှစ်ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ပြီး နောက် ရဲများ ကိုင်ဆောင်ထားသည့် BA 63 နှစ်လက် ၊ ခြောက်လုံးပြူး တစ်လက် အပါအဝင် ရဲ အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်၊ခဲယမ်းများကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“ကား တစ်စီးလုံးကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်ပြီး အလောင်းကိုတောင် သူတို့ဘက်က လာမသယ်ဘူး” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဆိုသည်။

ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လမိုင်းမြို့ နယ်ထိန်းရဲအောင် ကျော်မင်းကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ရေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ အစိုးရရုံးများ နှင့် သတင်းပေး ဒလန်ဆိုသူများကို စောင့်ကြည့်နေသည့် အဖွဲ့ ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...