မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသား ဆေးကုသခွင့်မရသဖြင့် သေဆုံးမှုဖြစ်

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသား ဆေးကုသခွင့်မရသဖြင့် သေဆုံးမှုဖြစ်

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသားတစ်ဦး၊ နာမကျန်းဖြစ်စဉ် ဆေးကုသခွင့်မရသဖြင့် အသက်ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က၊ ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်နေသည့် အကျဉ်းသားတစ်ဦးအတွက်၊ တာ၀န်ကျ ၀န်ထမ်းများအား အကြာင်းကြားသော်လည်း၊ ဆေးကုသပေးခြင်းမရှိသဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ထောင်တွင်းသတင်းပေးမှ တစ်ဆင့် ပေးစာအရ သိရခြင်းဖြစ်သည်။

မဇ္စျိမက ရရှိထားသည့်၎င်းပေးစာတွင် “မန္တလေးအိုးဘိုထောင်အတွင်းမှာ၊ ဖိနှိပ်မှုများစွာရှိနေပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုများမှာ အထူးလိုအပ်နေပါသည်။ ၁၇.၉.၂၀၂၂ ရက်နေ့တွင်၊ အိပ်ဆောင် (၃) အခန်း (၆) မှ အကျဉ်းသားတစ်ဦးမှာ၊ ည ၇ နာရီအချိန်တွင်၊ အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်နေသည့်အတွက်၊ တာ၀န်ကျအကျဉ်းဦးစီး၀န်ထမ်းများအား အကြောင်းကြားခဲ့ပါသည်။ သို့သော် လာရောက်ဆေးကုသခြင်းမရှိသောကြောင့် ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် အသက်ဆုံးရှုံးခဲ့ရသည့်အတွက်၊ မိမိတို့နိုင်ငံရေးအကျဉ်းသား/သူများနှင့် အခြားအကျဉ်းသား/သူများမှ မန္တလေးအိုးဘိုအကျဉ်းဦးစီးဌာနအား ပြင်းထန်စွာဝေဖန်ရှုတ်ချ အပ်ပါသည်” ဟု ဖော်ပြထား သည်။

သေဆုံးသူ မည်သူဖြစ်ကြောင်းကိုတော့ မဇ္စျိမကဆက်လက်စုံစမ်း နေဆဲဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားလာသည့် မန္တလေးအိုးဘိုထောင် (ဗဟိုအကျဉ်းထောင်) တွင်၊ ပြီးခဲ့သည့် မတ်လ၊ ဧပြီလနှင့် မေလအတွင်းကလည်း၊ နိုင်ငံရေးအကျဉ်းသား သုံးဦး ဓားထိုးခံရမှု ဝိုင်းရိုက်ခံရမှုတို့နှင့်ကြုံတွေ့ခဲ့ရပြီး၊ ထို ဖြစ်စဉ်များအတွက် ထောင်အာဏာပိုင်များက အရေးယူမှုမရှိခဲ့ကြောင်း ထောင်တွင်းသတင်းရင်းမြစ်များက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...