ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြား တစ်ကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) က သဘောထား တစ်စောင်ကို ယနေ့ထုတ်ပြန်သည်။ ၎င်းထုတ်ပြန်ချက်ထဲတွင် အဓိက အချက် (၄) ချက်ကို ဖော်ပြထားသည်။
၎င်းတို့မှာ
၁။ ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်း မပြုကြပါရန် လက်နက်ကိုင်အဖွဲ့အစည်းများအား အလေးအနက်မေတ္တာရပ်ခံပါသည်။
၂။ မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးဖြစ်ပေါ်မှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်သည်။
၃။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြသည့် INGOS NGOS နှင့် CSOs များအား ပိတ်ပင်ထားမှုကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုသည်။
၄။ စစ်ပွဲဧရိယာနှင့် စစ်ပွဲနှင့်မပတ်သက်သည့်နေရာများအပါအဝင် မြို့နယ်တချို့အား ကုန်းလမ်း၊ ရေလမ်းများအား အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် အဆိုပါဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင် နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု မိမိတို့ ရှု မြင်သည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ သဘောထားထုတ်ပြန်ရခြင်းနှင့်ပတ်သက်ပြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှကို ဆက်သွယ်မေးမြန်းရာသူက ယခု ကဲ့သို့ ပြောသည်။
“ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပြီး ပြင်းထန်လာတဲ့အတွက် အရပ်သားတွေ သေဆုံးထိခိုက် မှုတွေရှိလာတယ်။ ဒဏ်ရာ ရတာတွေရှိလာတယ်။ နောက်ပြီး ပြည်သူတွေနေထိုင်တဲ့ အဆောက်အဦး ပျက်စီးမှုတွေလည်းရှိ လာ တယ်။ ဒါ့ပြင် ဆေးဝါးပစ္စည်း၊ စားကုန်သောက်ကုန်တွေနဲ့ ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှုတွေကိုလည်း တ ချို့ မြို့နယ်တွေမှာ ကုန်းလမ်းရေလမ်းတွေကိုပိတ်ဆိုထားလို့ ပြည်သူတွေ အစစအရာရာ အကျပ်တည်း ရှိလာ ပြီး နောက်ထပ်လည်းစစ်ဘေးရှောင်တွေ သောင်းနဲ့ချီများလာတဲ့အတွက် အခုလို သဘောထား ထုတ်ပြန်ရ တာ ဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ ကြေငြာချက်ကို စက်တင်ဘာလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံး ဖြစ်ပေါ်မှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကွန့်ကွက်ထားပြီး ရခိုင်ပြည်တွင်းရှိ ရပ်ကွက်၊ကျေးရွာများကို အ ကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ကြပါရန်လည်း လက်နက်ကိုင် အဖွဲ့အစည်းများအား မေတ္တာ ရပ်ခံသည့် အချက်လည်း ပါဝင်သည်။
စစ်ကောင်စီတပ်မှ မြို့နယ်တချို့တွင် ကုန်လမ်း ရေလမ်းများကို ပိတ်ဆိုထားသည့်အတွက် ဒေသခံများမှာ အသက်ရှင်ရပ်တည်ရေးအတွက် အခက်ကြုံနေရသည်ဟုလည်း ဦးသာထွန်းလှက ယခုကဲ့သို့ ပြောသည်။
“ ဒေသခံတွေ အသက်ရှင်ရပ်တည်မှု နေထိုင်စားသောက်မှုနဲ့ လုပ်ငန်းခွင်သွားလာမှုတွေကို ထိခိုက်နေသလို ကျန်းမာရေး ကူညီစောင့်ရှောက် ကုသမှုပေးတဲ့နေရာမှာလည်း လိုအပ်တဲ့နေရာကို သွားဖို့ အခက်အခဲ ကြုံ တွေ့နေရတယ်” ဟု ပြောဆိုသည်။
ယနေ့ ထုတ်ပြန်သည့် ကြေငြာချက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြသည့် NGO, INGOs နှင့် CSO များအား ပိတ်ပင်ထားမှုကို ပြန်လည်ဖွင့်ပေးရန်နှင့် စစ်ပွဲဧရိယာနှင့် စစ်ပွဲနှင့်မပတ် သက်သည့် နေရာများအပါအဝင် မြို့နယ်တချို့အား ကုန်းလမ်း ရေလမ်းများအား အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ဒေသအတွင်းရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရှုမြင် ကြောင်းလည်း ရေးသား ဖော်ပြထားသည်။







