ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးမှူးအပါအဝင် ဒေသခံလေးဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးမှူးအပါအဝင် ဒေသခံလေးဦးကို မြန်မာစစ်တပ်က ဖမ်းဆီး
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကျောက်ဖြူဒေသခံ ကိုရန်နိုင်မင်း (ခ) ကိုသောက်ဆန်းကို တွေ့ရစဉ်
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကျောက်ဖြူဒေသခံ ကိုရန်နိုင်မင်း (ခ) ကိုသောက်ဆန်းကို တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဌာနဦးစီးမှူး အပါအဝင် ဒေသခံ (၄) ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး အမှုဖွင့်ထား သည်ဟု ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံထားရသူများမှာ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဆင့်နှင့် အစိုးရရပ်ကွက်မှ ကိုရန်နိုင်မင်း (ခ) ကိုသောက်ဆန်း၊ ကိုသန်းမောင်၊ ကိုမောင်နိုင်တို့ဖြစ်သည်။ ကိုသန်းမောင်၊  ကိုမောင်နိုင်နှင့် ဦးစီးမှူး ဦးကျော်ဆင့်တို့ကို စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် လာရောက်ဖမ်းဆီးသွားခြင်းဟု ရုံးနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

"သူတို့ ၃ ယောက်ကို ရုံးမှာလာခေါ်သွားတာဖြစ်တယ်။ နောက် ၂ ယောက်ကတော့ ဒေသခံတွေပါ။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်တယ်။ အဲဒါ လာဖမ်းတဲ့အခါ ဦးစီးနဲ့အတူတူ တွေ့တော့ သူတို့ကိုပါ တစ်ခါတည်းဖမ်းသွားတာဖြစ်တယ်။ သူတို့ကိုရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်”ဟု သူကပြောသည်။

အလားတူ စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း အစိုးရရပ်ကွက်မှ ရေလုပ်ငန်းလုပ်ကိုင်သူ ကိုရန်နိုင်မင်း (ခ) ကိုသောက်ဆန်းကိုလည်း မြန်မာစစ်တပ်က နေအိမ်အတွင်းမှ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ၎င်းကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ထားကြောင့် ၎င်းနှင့်ရင်းနှီးသူတစ်ဦးက ဆိုသည်။

"သူလည်း ရေလုပ်ငန်းမှာ လှေဝင်လှေထွက်စာရင်းကောက်တဲ့နေရာမှာလုပ်တဲ့ လူတစ်ယောက်ဖြစ်တယ်။ သူ့ကိုတော့ နေအိမ်မှာ မြန်မာစစ်တပ် အင်အား ၃၀ လောက်က လာဖမ်းသွားတာ။ အခုတော့ ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ပြီး ကျောက်ဖြူထောင်မှာ ထားတယ်"ဟု သူကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က အရပ်သားများကို သံသယဖြင့်ဖမ်းဆီးမှု များပြားလာသည်။ လက်ရှိတွင် မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဧရိယာမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်လာနေသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...