သံဖြူဇရပ် - ရေး ကားလမ်းမကြီးရှိ ဘေးကလွဲကျေးရွာအနီးတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သံဖြူဇရပ် - ရေး ကားလမ်းမကြီးရှိ ဘေးကလွဲကျေးရွာအနီးတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သံဖြူဇရပ် - ရေး လမ်းမကြီးရှိ ဘေးက လွဲကျေးရွာအနီးတွင်  ယမန်နေ့ စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီခန့်ကအမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်ထံက သိရသည်။

"ဘယ်သူ ပစ်သတ်လိုက်လဲတော့ မသိဘူး။ လူတစ်ယောက်အကြောင်းကြားလာတယ်။ ယာဉ်တိုက်မူဖြစ်တယ် ထင်လို့ပေါ့ အရေးပေါ်ကားခေါ်ပြီးမှ ကြည့်လိုက်တော့ သေနတ်ပစ်ခံထိထားတယ်" ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေနတ်ပစ်ခံရသူ ဦးဝင်းခိုင်သည်  ဦးခေါင်းနောက်ဘက်တွင် ကျည်းဖောက် ဒဏ်ရာတစ်ချက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ဦးဝင်းခိုင်ဟာ သုံးဘီးဆိုင်ကယ်ဖြင့် ကယ်ရီဆွဲပြီး အသက်မွေး ဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ပြီး ရေးမြို့နယ် မော့ကနင်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရွှေဟင်္သာလူမှုကူညီရေးအသင်း (မော့ကနင်) အဖွဲ့ဝင်များက လမိုင်းဆေးရုံးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က သံဖြူဇရပ်-ရေးလမ်းမပေါ်တွင် ပရဟိတလူနာတင်ယာဥ်တစ်စီး မိုင်းဆွဲပေါက်ကွဲ၍ သေနတ်ဖြင့်လည်းပစ်ခတ်ပစ်ခံရပြီး ယာဥ်မောင်းနှင့်နောက်လိုက်ဒဏ်ရာရရှိကာ ယာဥ်ပျက်စီးသွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...