ရေဖြူမြို့နယ်မှ လူငယ် (၁၇) ဦး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံထားရ

ရေဖြူမြို့နယ်မှ လူငယ် (၁၇) ဦး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံထားရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဒေသခံလူငယ် အနည်းဆုံး ၁၇ ဦးခန့်မှာ စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ်၏ဖမ်းဆီးခြင်းကို ခံထားရကြောင်း ဒေသခံများကပြောသည်။

ထိုသို့ ဖမ်းဆီးခံရသူများမှာ နှမ်းကျဲကျေးရွာမှ အမျိုးသား (၉) ဦး၊ ရေပုံးကျေးရွာမှ အမျိုးသား (၂) ဦး၊ ကရင်ရှင်ထဘီကျေးရွာမှ အမျိုးသား (၂) ဦး၊ ကလုံးထာကျေးရွာမှ အမျိုးသား (၁) ဦး၊ ကျေးဇူးတော်ကျေးရွာမှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ပါဝင်ကြောင်း သိရသည်။

နှမ်းကျဲကျေးရွာဒေသခံတစ်ဦးက “ကားလမ်းမနဲ့နီးတဲ့ ရွာတွေကို စစ်တပ်တွေဝင်လာတာ။ ပြီးတော့ တစ်အိမ်တက်ဆင်း လိုက်စစ်တယ်။ ရွာထဲက လူငယ်လေးသုံးယောက်အဖမ်းခံလိုက်ရတယ်”ဟု ပြောသည်။

မြန်မာစစ်တပ်မှ ထားဝယ်-ရေဖြူကားလမ်းမအနီးရှိ ကျေးရွာများကိုဝင်ရောက်ကာ အသက် (၁၈) နှစ်မှ အသက် (၂၂) နှစ်ကျော်အရွယ်ရှိ လူငယ်များကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကရင်ရှင်ထဘီကျေးရွာ ဒေသခံတစ်ဦးကဆိုသည်။

“ရွာထဲက လူငယ်လေးတွေကိုပဲ လာဖမ်းသွားတာ။ သူတို့က ဘာမှ သိတဲ့သူတွေလည်း မဟုတ်ဘူး”ဟု အဆိုပါဒေသခံကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့်လူငယ်များကို မည်သည့်နေရာတွင် စစ်ဆေးနေသည်ကို မသိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

ဖမ်းဆီးခံရသူ မိသားစုဝင်တစ်ဦးက “သူတို့ကို စစ်တပ်ကဖမ်းပြီးခေါ်သွားတာပဲ သိရတယ်။ ဘယ်မှာထားလဲဆိုတာတော့ အခုထိ ဘာမှမသိရသေးဘူး။ ဒါကြောင့် သူတို့ကျန်းမာရေးအတွက် အရမ်းစိုးရိမ်နေရတယ်”ဟု ပြောသည်။

ရေဖြူမြို့နယ်အတွင်းမှ ဒေသခံလူငယ်များကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။

အဆိုပါကျေးရွာများအတွင်း မြန်မာစစ်တပ်က ဝင်ရောက်ဖမ်းဆီးမှုများကြောင့် ကျန်လူငယ်များမှာလည်း တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...