အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးတင်ရှို့နေ

အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးတင်ရှို့နေ

ကချင်ပြည်နယ်၊ မိုးညှင်းဘက်မှ အင်းတော်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၂၈ ရက်နေ့လယ်ပိုင်း၌ အောင်ကုန်းကျေးရွာကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းသည် အောင်ကုန်းကျေးရွာသို့ ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"နေအိမ်ဘယ်နှလုံးပါသွားလဲဆိုတာတော့ မသိရသေးပါဘူး၊ မီးခိုးလုံးတွေတော့မြင်နေရတယ်ဗျ၊ စာသင်ကျောင်းလည်း ပါသွားတယ်တော့ ပြောနေကြတယ် "ဟု ဒေသခံတစ်ဦးက ဆိုသည်။

အောင်းကုန်းကျေးရွာတွင် အိမ်ခြေ ၄၀၀ကျော်ရှိပြီး စစ်တပ်စစ်ကြောင်းရောက်လာသောကြောင့် ဒေသခံ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

အင်းတော်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ၊ကျောင်းသားတပ်များ ပူးပေါင်းတိုက်ပွဲ မကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ၂၁ ရက်နေ့ကလည်း စစ်တပ်က နန်းနောင်ရွာ၊ ကျော်ရွာတို့ကို ဝင်ရောက်မွှေနှောက်ပြီး ဒေသခံရွာသားတချို့ ဖမ်းဆီးခံခဲ့ရသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...