မင်းပြားတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၄ ဦးဒဏ်ရာရ

မင်းပြားတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၄ ဦးဒဏ်ရာရ
လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် မင်းပြားမြို့နယ်မှ နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။
လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် မင်းပြားမြို့နယ်မှ နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။

မင်းပြားမြို့နယ်တွင် စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးဒဏ်ရာရရှိပြီး နေအိမ်တစ်အိမ်ပျက်စီးသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ စက်ကရေကျေးရွာမှ အသက် ၆၀ အရွယ် ဦးစံဂိုးအောင်၊ ဦးကြွင်းကျန်အောင်၊ ဒေါ်နှောင်းချေ (၄၅) နှစ်နှင့် ၎င်း၏သားဖြစ်သူ မောင်အောင်နိုင်လင်း (ခ) နားကာချေတို့ဖြစ်ကြသည်။

ယနေ့နံနက် ၈ နာရီကျော်ခန့်တွင် မင်းပြားကျိန်းတောင်ပေါ်ရှိ မြန်မာစစ်တပ်၏လက်နက်ကြီးစခန်းမှ လက်နက်ကြီးပစ်ခတ်သောကြောင့် ကျေးရွာအတွင်းမနေရဲဘဲ ရှောင်ပြေးကြစဉ် ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

"လက်နက်ကြီးတွေပစ်နေလို့ ရွာကနေပြေးဖို့အတွက် လှေရှိရာကို ထွက်လာကြတာ။ အဲဒီအချိန်မှာ လက်နက်ကြီးတစ်လုံး သူတို့အနားက အုန်းတောထဲကိုကျလာပြီး သူတို့ကို ကျည်စတွေထိသွားတာ။ ဒဏ်ရာက မများတော့ သူတို့လည်းလှေနဲ့ပြေးသွားကြတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါဒဏ်ရာရရှိသူများမှာ လက်ရှိ ကျားပိုက်ကေကျေးရွာ၌ ခိုလှုံကာ ယင်းရွာရှိဆေးခန်းတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းက မင်းပြားကျိန်းတောင်ပေါ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးမှာ ခေါင်းလောင်းချောင်းကျေးရွာအတွင်းသို့ ကျရောက်ပြီး နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ကြောင်းလည်း ခေါင်းလောင်းချောင်းရွာသား တစ်ဦးကပြောသည်။

"လက်နက်ကြီးတွေက ဘယ်နေရာကို ပစ်လို့ပစ်နေမှန်းတော့မသိဘူး။ ကျနော်တို့ရွာထဲကိုတော့ တလုံးကျလာတယ်။ ရွာထဲ အိမ်တလုံး အကုန်ပြိုသွားတယ်။ အခုဆို ရွာသားတွေအများစုကလည်း လက်နက်ကြီးကိုကြောက်ပြီးပြေးသွားကြပြီ"ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ က စစ်တွေဖက်မှ တက်လာသည့် မြန်မာစစ်တပ်၏ ရေယာဉ်နှစ်စီးကို ခေါင်းလောင်းချောင်းကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့သည်။

ယင်းနောက် အနီးအနားပတ်ဝန်းကျင်ရှိ သက်ပုန်းရွာ၊ ခေါင်းလောင်းချောင်း၊ ပုလဲပေါက်၊ ချောင်းရှည်၊ စက်ကရေ၊ ကျားရှည်ပြင် စသည့်ကျေးရွာများဖက်သို့ မြန်မာစစ်တပ်က ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ခဲ့၍ ခေါင်းလောင်းချောင်း ကျေးရွာမှ ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

မင်းပြားဖက်မှဆင်းလာသည့် မြန်မာစစ်တပ်၏ ရေယာဉ်နှစ်စီးမှလည်း AA ရှိသည်ဟုယူဆရသည့် တောင်တန်းများကို လက်နက်ကြီးဖြင့်ပစ်ခတ်လျှက်ရှိနေသည်။

လက်ရှိတွင် မင်းပြားမြို့နယ်ရှိ ခေါင်းလောင်းချောင်း၊ သက်ပုန်း၊ ပုလဲပေါက်၊ စက်ကရေ၊ ချောင်းရှည်၊ ကျားရှည်ပြင် စသည့်ကျေးရွာ ၆ ရွာမှ ဒေသခံများမှာ စက်လှေ၊ဘုတ်များဖြင့် ဘေးကင်းရာသို့ထွက်ပြေးလျက်ရှိကြသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...