တမူးမြို့ပြင်တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ်များမီးရှို့

တမူးမြို့ပြင်တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ်များမီးရှို့

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့အဝင်တွင် ယနေ့မနက်ပိင်း ၈ နာရီခန့်က စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အနီးနားပတ်ဝန်း ကျင်တွင်ရှိသော လူနေအိမ်များကို မီးရှို့ခဲ့သည်ဟု သိရသည်။

တမူးမြို့ခံတစ်ဦးက “ဒီနေ့မနက် မြို့ပြင်မှာ တိုက်ပွဲဖြစ်ကြတာ မိနစ် ၂၀ ဆယ်လောက်ကြာတယ်၊ အဲ့နောက် တော့ စစ်သားတွေက GL. ထန်ဘွဲ့အိမ်နဲ့ သူ့အိမ်ရှေ့က ဈေးရောင်းတဲ့အမျိုးသမီးအိမ်လည်း မီးရှို့သွားကြတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် နန်မြင်ဟန်တံတားမှ သုံးမိုင်ဂိတ်အထိ တပ်အင်အားဖြန့်ထားမှုများရှိသည့်အပြင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားချိန်ဖြတ်သန်းသွားလာမှုများ မြင်တွေ့ရသောကြောင့် စစ်ကောင် စီတပ်ဖွဲ့မှ ပြည်သူများအား လူသားဒိုင်းကာအဖြစ် အသုံးချလာနိုင်၍ လတ်တလော တမူး-ကလေး ကားလမ်းများကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ကာကွယ်ရေးတပ်ဖွဲ့ဘက်က မေတ္တာရပ်ခံထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တမူးမြို့ မြို့သစ်ခရိုင်၊ အောင်ဇေယျကျေးရွာဖက်မှ စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နှစ်ကြိမ်တိုင်တိုင် ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ဦးနှင့်အထက် သေဆုံးခဲ့သည့်အပြင် အများအပြားဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း PDF-CEU Tamu မှ ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း တမူးမြို့ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များသည် တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာရှိ လူနေအိမ် ၄ အိမ်၊ နန်မွမ်းတားရွာ ၃ အိမ်၊ ခွမ်းမွမ်းနွမ်း ၂ အိမ်တို့ကို မီးရှို့ခဲ့သည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...