NLDပါတီ၀င်များ အခြားပါတီဝင်များနှင့်ပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမို ကြိုးစားမှသာ ဖက်ဒရယ်ဒီမိုကရေစီအရေး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်မည်ဟု NUG သမ္မတကြီးပြောကြား

NLDပါတီ၀င်များ အခြားပါတီဝင်များနှင့်ပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမို ကြိုးစားမှသာ ဖက်ဒရယ်ဒီမိုကရေစီအရေး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်မည်ဟု NUG သမ္မတကြီးပြောကြား

NLDပါတီ၀င်များ အခြားပါတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမို ကြိုးစားမှသာ ဖက်ဒရယ်ဒီမိုကရေစီအရေး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်မည်ဟု NUG သမ္မတကြီး‌က‌ ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သက်တမ်းနုနယ်တဲ့ ကာလအလျောက် အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ အခက်အခဲများစွာကိုလည်း ကြုံတွေ့ ဖြတ်သန်းခဲ့ရတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ NLDပါတီဝင်များအနေနဲ့ တစ်ခဲနက် အောင်မြင်မှုရလာချိန်မှာ တစ်ဦးရဲ့ ဆန္ဒကို တစ်ဦးက အလေးထားဖို့၊ အခြားပါတီများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမိုအာရုံစိုက်ဖို့၊ ယခုထက်ပိုမိုကြိုးစားလုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ သို့မှသာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးတွေကို ပိုမိုလျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်" ဟု သမ္မတကြီးက ‌ပြောကြားသည်။

NLD ပါတီသည် သမိုင်းလိုအပ်ချက်အရ ပေါ်ပေါက်လာသည့် လူထုပါတီ ဖြစ်‌ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးရရှိရန် ဖွဲ့စည်းတည်ထောင်ခဲ့ရုံသာမက အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့သည့် ပါတီ ဖြစ်‌ကြောင်း သမ္မတကြီးကဆိုသည်။

" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီသက်တမ်း နုနယ်သေးပေမယ့် လုပ်ဆောင်မှု စွမ်းပကားကြီးမားတာကို တွေ့ရပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ ပြည်သူလူထုက လုံးဝမနှစ်မြို့တဲ့ မဆလ တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီအစရှိတဲ့ စစ်တပ်နောက်ခံပြုထားတဲ့ ပါတီကြီးတွေကိုပင် မရှုမလှရှုံးနိမ့်စေတဲ့အထိ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးဦးဆောင်မှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်" ဟု သမ္မတကြီး ဒူဝါလရှီးလက ‌ပြောသည်။

NLD ပါတီအနေ ဖြင့် သက်တမ်းရှည်လာသည်နှင့်အမျှ အားနည်းချက်များကို ပြုပြင်ပြီး ပိုမိုကောင်းမွန်သောဦးဆောင်မှုဖြင့် နွေဦးတော်လှန်‌ရေးတွင် အောင်မြင်မှုများဖြင့် ဆက်လက်ရပ်တည်နိုင်ရန် ဆန္ဒပြု‌ကြောင်း သမ္မတကြီးက ‌ပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...