ရေဖြူမြို့ရှိ ကျေးဇူးတော်ရွာထဲ စကစတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဒေသခံများ ကြောက်ရွံ့ ထွက်ပြေးနေရ

ရေဖြူမြို့ရှိ ကျေးဇူးတော်ရွာထဲ စကစတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဒေသခံများ ကြောက်ရွံ့ ထွက်ပြေးနေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာထဲသို့ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့၍ ဒေသခံများ ကြောက်ရွံ့ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျေးဇူးတော်ရွာမှာ KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ တစ်ခု ဖြစ်ပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာရာမှ သက်ကြီးရွယ်အိုနှင့် လူမမာပါမကျန် ထွက်ပြေးနေရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကျေးဇူးတော်ရွာ ဒေသခံ တစ်ဦးက “စစ်တပ်က ရွာထဲကို အင်အား ၅၀ နီးပါး ဝင်လာတယ်၊ ရွာပြင်မှာလည်း ၆၀ ဝန်းကျင်ခန့် ကျန်နေခဲ့တယ်”ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီ တပ်ဖွဲ့က အင်အားအများအပြားဖြင့် ဝင်ရောက်လာချိန်တွင် ဥယျဉ်ခြံ ခြံခုတ်သွားသည့် ဒေသခံအရပ်သား နှစ်ဦးလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ယင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ ရောက်ရှိနေချိန်အတွင်း ထွက်ပြေးနေသည့် ဒေသခံများကို နေအိမ်သို့ ပြန်လာဖို့ ပြန်ခေါ်နေသော်လည်း ဒေသခံအများစုက ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းအဖြင့် အသုံးပြုခံရမည်ကို စိုးရိမ်နေ၍ နေအိမ်ကို မပြန်ရဲသေးကြောင်း ဒေသခံများက ပြောဆိုထား သည်။

၎င်း ကျေးရွာသို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ဖူးပြီး ဒေသခံများရဲ့ နေအိမ်များကို ဖျက်ဆီးခြင်း တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူမှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...