ကသာတွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၃၀ နီးပါးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကသာတွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၃၀ နီးပါးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မဲစီကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၃၀ ခန့်အား ဖမ်းဆီးခေါ်ဆောင်ထားကြောင်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် မနက် ၁၁ နာရီနှင့် မွန်းလွဲ ၂ နာရီတို့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ နာရီဝက်ခန့်ကြာသည့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

“သူတို့က တပ်ဖျောက်ပြီးတက်လာကြတာ၊ အင်အား ၇၀ လောက်ရှိမယ်၊ သူတို့က လမ်း ကနေပြီး ဒေသခံတွေကို ဖမ်းဆီးလာတာရှိတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ရတာပေါ့” ဟု တိုက်ပွဲနှင့်ပတ်သက်၍ ကသာ ပကဖတာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ တပ်ဖွဲ့မှ ဓားစာခံအဖြစ် ဖမ်းဆီးထားသူ ၃၀ ခန့်သည် မင်းလည်ရွာ၊ ရွှေပြည်သစ်ရွာနှင် ကတက်ချောင် ကျေးရွာတို့မှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုကို မသိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ကသာ ပကဖတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများသည် စစ်ကြောင်းသတင်းကြားရသည်နှင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရသည်။ လက်ရှိအချိန်တွင် အဆိုပါ တပ်မ (၈၈) လက်အောက်ခံ စစ်ကောင်စီတပ်သည် ကသာမြို့နှင့် ၁၀ ခန့်အကွာ မံစီကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းမြောက်ပိုင်း ၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိသည့် ကသာမြို့နယ်တွင် စစ်ကောင်စီတပ်သည် ကာသာမြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ကျေးရွာဒေသများသည် ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်အောက်တွင် တည်ရှိနေကြာင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...