မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်မှ ဆရာဝန်ကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်မှ ဆရာဝန်ကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်
၁၇(၁)(၂)တို့ဖြင့် မြန်မာစစ်တပ်က အမှုဖွင့်ထားသည့် ဒေါက်တာ ကျော်သူရထွန်းကို တွေ့ရစဉ်။
၁၇(၁)(၂)တို့ဖြင့် မြန်မာစစ်တပ်က အမှုဖွင့်ထားသည့် ဒေါက်တာ ကျော်သူရထွန်းကို တွေ့ရစဉ်။

မြန်မာစစ်တပ်မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ ဒေါက်တာ ကျော်သူရထွန်းကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့က အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှသိရသည်။

ဒေါက်တာ ကျော်သူရထွန်းသည် စက်တင်ဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နှစ်ပတ်ကျော်ကြာစစ်ဆေးခံရပြီနောက်တွင် တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ကာ ထိုပုဒ်မများဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဟု ဇနီးဖြစ်သူ ဒေါ်မိုးမိုးဝါကပြောသည်။

"သူ့ကို ၂၃ ရက်နေ့မှာ တောင်ကုတ်ရဲစခန်းကို ပို့ပြီးတော့ မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်တယ်လို့ပြောတယ်။ ဘယ်အဖွဲ့အစည်းနဲ့ ဆက်နွယ်တယ်ဆိုတာကိုတော့ မသိသေးဘူး။ ကျမတို့လည်း သူကျန်းမာရေးအတွက်ကိုပဲ စီစဉ်ပေးနေတယ်။ အခုတော့ တောင်ကုတ်ရဲစခန်းမှာပေါ့"ဟု သူကဆိုသည်။

၎င်းမှာ မြန်မာစစ်တပ်လက်ထဲတွင် ချုပ်နှောင်ခံထားရစဉ်ကာလက အစားအသောက်ကောင်းမွန်စွာ မစားသောက်ခဲ့ရသဖြင့် ကိုယ်ခံအား နည်းနေသဖြင့် ကျန်းမာရေးဆိုးရွားလာမည်ကို စိုးရိမ်မိကြောင်း ဇနီးဖြစ်သူက ဆက်ပြောသည်။

“သူနဲ့ (ရဲစခန်းမှာ) တွေ့ခွင့်ရပါတယ်။ အစားအသောက်တွေလည်း ပို့ပေးနေတယ်။ မနေ့ကဆိုရင် အချုပ်ထဲမှာ သွေးပေါင်တိုင်းတာတွေ လုပ်ပေးတယ်လို့တော့ပြောတယ်။ အထဲမှာက အစားအသောက် ကောင်းကောင်းမစားရလို့ ကိုယ်ခံအားနည်းနေတာ”ဟု ၎င်းကဆိုသည်။

၎င်းကို မည်သည့်အတွက်ကြောင့် မတရားအသင်းဆက်သွယ်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို သိရှိနိုင်ရန်အတွက် တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူး ဇော်လတ်အား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့နောက်ပိုင်း ဒေသခံ (၇) ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားပြီး မိသားစုဝင်များ တွေ့ခွင့်မရရှိသေးပေ။ ထို့ကြောင့် ၎င်းတို့၏အခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...