ပုဒ်မ (၁၄၄) ညမထွက်ရအမိန့် မောင်တောတွင် အချိန်တိုးမြှင့်ထုတ်ပြန်

ပုဒ်မ (၁၄၄) ညမထွက်ရအမိန့် မောင်တောတွင် အချိန်တိုးမြှင့်ထုတ်ပြန်
by -
အောင်ကျော်မင်း/ နိရဥ္စရာ
ညမထွက်ရ၊ လူငါးဦးထက် ပို မစုရ အမိန့် ပုဒ်မ ၁၄၄ ကို ကြေညာနေစဥ
ညမထွက်ရ၊ လူငါးဦးထက် ပို မစုရ အမိန့် ပုဒ်မ ၁၄၄ ကို ကြေညာနေစဥ
မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ယနေ့တွင် မောင်တောခရိုင်ဥက္ကဋ္ဌ ဦးရဲထွဋ်မှ အချိန် တိုးမြှင့်ထုတ်ပြန်လိုက်သည်။ ယခင်ထုတ်ပြန်ထားသည့် ပုဒ်မ (၁၄၄) အမိန့်မှာ ည ၉ နာရီမှ မနက် ၅ နာရီထိအဖြစ်ပြီး ယခုအခါ ည ၆ နာရီမှ နံနက် ၆ နာရီ အချိန်အထိ တိုးမြှင့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်ခြင်းကို မောင်တောမြို့တွင် အသံချဲ့စက်ဖြင့် ကြေညာနေပြီး အများနှင့် သက်ဆိုင်သော နေရာများတွင် လူငါးဦးထက် ပိုမစုဝေးရန်နှင့် သတ်မှတ်ထားကာ ညမထွက်ရအချိန်မှာ ည ၆ နာရီ မှ နံနက် ၆ နာရီအထိ သတ်မှတ်ထားကြောင်း ကြေညာသည်။ ဩဂုတ် ၂၅ ရက်နေ့ ညဉ့်အချိန်မှ စတင်ပြီး မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်းတို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီးနောက် ညမထွက်ရ အမိန့်ကို ယခုလို အချိန်တိုးမြှင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်းတို့တွင် အခြေအနေ လွန်စွာဆိုးရွားနေပြီး တိုင်းရင်းသား ကျေးရွာအများအပြားတွင် လုံခြံုရေး မလုံလောက်ရာမှ စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေကြောင်း သိရှိရသည်။
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...