မြောက်ဦးမြို့မှ နန်းရိပ်ဂရုဏာအောက်စီဂျင်အသင်း ဥက္ကဋ္ဌနှင့် အစ်ကိုဖြစ်သူတို့ကို မြန်မာစစ်တပ်ကဖမ်းဆီး

မြောက်ဦးမြို့မှ နန်းရိပ်ဂရုဏာအောက်စီဂျင်အသင်း ဥက္ကဋ္ဌနှင့် အစ်ကိုဖြစ်သူတို့ကို မြန်မာစစ်တပ်ကဖမ်းဆီး
မြောက်ဦးမြို့မှ ဖမ်းဆီးခံရသည့် ကိုသန်းထွန်းနှင့် အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်။
မြောက်ဦးမြို့မှ ဖမ်းဆီးခံရသည့် ကိုသန်းထွန်းနှင့် အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ နန်းရိပ်ဂရုဏာအောက်ဆီဂျင်အသင်း ဥက္ကဋ္ဌ ကိုသန်းထွန်းနှင့် အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်တို့ကို ယနေ့ (စက်တင်ဘာလ ၂၅ ရက်) နံနက် ၉ နာရီခန့်တွင် မြန်မာစစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကိုသန်းထွန်းနှင့် အကိုဖြစ်သူ ကိုကျော်သန်းနိုင် တို့မှာ ကံလှရပ်ကွက်နှင့် တောင်ရပ် ရပ်ကွက်တို့၌ "ကျော်"အမည်ဖြင့် စက်ပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားသည်။ ယနေ့နံနက်ပိုင်းက စစ်တပ်က ဆိုင်သို့လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နီးစပ်ရာဒေသခံများကပြောသည်။

နန်းရိပ်ဂရုဏာအသင်းအဖွဲ့ဝင်တစ်ဦးက "ကျနော်တို့ကို အနီးအနားကလူတွေ ဖုန်းဆက်အကြောင်းကြားလာတာကတော့ ညီအစ်ကိုနှစ်ယောက်စလုံးကို ကံလှရပ်ကွက်က ဆိုင်မှာရှိနေတုန်း စစ်တပ်က ဝင်ဖမ်းသွားတာလို့သိရတယ်။ ဘာကြောင့် ဖမ်းသွားတာလဲဆိုတာကိုတော့ ကျနော်တို့လည်းမသိသေးပါဘူး"ဟု ပြောသည်။

ကိုသန်းထွန်းမှာ မြောက်ဦးမြို့၊ ဝါဈေးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းတို့ဖမ်းဆီးခံရသည့်အကြောင်းရင်းကို အုပ်ချုပ်ရေးမှူးမှာ ခရီးလွန်နေ၍ အသေးစိတ်မသိရှိသေးကြာင်းပြောသည်။

ကိုသန်းထွန်း၏ မိသားစုဝင်တစ်ဦးက "ဆိုင်ကပစ္စည်းတွေ အကုန်ချခင်းပြီး ရောင်းနေတာမျိုးမဟုတ်ပါဘူး။ ဒီအတိုင်း ဆိုင်ကိုပိတ်ထားပြီး လာဝယ်တဲ့သူရှိရင်ရောင်းပေးနေတာ။ သူတို့ညီအစ်ကိုက ဆိုင်မှာစောင့်အိပ်တယ်။ ဒီနေ့လည်း ကိုသန်းထွန်းကို ဆိုင်မှာရှိနေတုန်း လက်ထိပ်ခတ်ပြီးခေါ်သွားတယ်။ အကိုဖြစ်သူကိုကျတော့ ဆိုင်ကနေမလှမ်းမကမ်းမှာ ထမင်းချိုင့်ယူဖို့သွားနေတုန်း ကံလှတံတားနားက ဖမ်းသွားတာပါ။ ဘယ်တပ်ရင်းကိုခေါ်သွားမှန်းမသိဘူး။ မိသားစုတွေလည်း တပ်ရင်းတွေဆီ စုံစမ်းဖို့ လိုက်သွားကြပါတယ်"ဟု ဆိုသည်။

ယခုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းအား DMG က ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း မြန်မာစစ်တပ်သည် မြောက်ဦးဒေသခံတစ်ဦးဖြစ်သည့် ကိုရင်ဆို့ (ခ) ကျော်ဇံဝေကို နေအိမ်မှဖမ်းဆီးသွားခဲ့ပြီး CRPH/NUG တို့နှင့် ဆက်စပ်သည်ဟုဆိုကာ အမှုဖွင့်ခဲ့သဖြင် တရားရင်ဆိုင်နေရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...