ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ တည်းခိုခန်းနှင့် နေအိမ်အချို့ပျက်စီး

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ တည်းခိုခန်းနှင့် နေအိမ်အချို့ပျက်စီး
လက်နက်ကြီးကျည်ကျမှုကြောင့် ရှမ်းရွာရပ်ကွက်မှ ပျက်စီးသွားသည့် နေအိမ်အားတွေ့ရစဉ်။ ဓာတ်ပုံ- ကျော်လှမြင့်
လက်နက်ကြီးကျည်ကျမှုကြောင့် ရှမ်းရွာရပ်ကွက်မှ ပျက်စီးသွားသည့် နေအိမ်အားတွေ့ရစဉ်။ ဓာတ်ပုံ- ကျော်လှမြင့်

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၂ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့်  သိန်းဆန်းအမည်ရှိ တည်းခိုခန်းနှင့် နေအိမ်သုံးအိမ်ခန့် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မည်သည့်ဘက်မှ ပစ်ခတ်မှန်းမသိသော လက်နက်ကြီးကျည်သည် ရွာမရပ်ကွက်ရှိ သိန်းဆန်းတည်းခိုခန်းသို့ ကျရောက်လာကာ မှန်ပြတင်းများကို ထိမှန်ခဲ့သည်။ ယင်းကြောင့် တည်းခိုနေသော အသက် ၂၇ နှစ်အရွယ် ကိုစိန်အောင်ဖြူဆိုသူကို မှန်စများထိမှန်သွားပြီး ဝမ်းဗိုက်တွင်ဒဏ်ရာရရှိသွားသည်ဟု တည်းခိုခန်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“၁ နာရီကျော်လောက်က ပစ်တာပါ။ တည်းခိုခန်းရဲ့ အထက်ဆုံးပိုင်းမှာ လက်နက်ကြီးကျည်ကျတာကြောင့် အုတ်နံရံတွေ မှန်တွေကွဲပြီး မှန်စထိသွားတာပါ။ ဝမ်းရဲ့ ဘယ်ဘက်အခြမ်းမှာတော့ နည်းနည်းဒဏ်ရာရသွားပါတယ်”ဟု သူကပြောသည်။

ထို့ပြင် ရှမ်းရွာရပ်ကွက်မှ ဒေါ်မလှသာ၏နေအိမ်တွင်လည်း ခေါင်မိုးနှင့် ထရံများပျက်စီးသွားခဲ့ပြီး ရွာမှရပ်ကွက်မှ နေအိမ်သုံးအိမ်ခန့်မှာလည်း ခေါင်မိုးများ၊ထရံများ ပျက်စီးသွားသည်။ သို့သော် လူများ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“အရင်က နယ်ဘက်တွေမှာဖြစ်ရင်တောင် ဒေသခံတွေက မြို့ပေါ်ကိုပြောင်းလာကြတယ်။ စစ်ဘေးလာရှောင်ကြတယ်။ အခုက မြို့ပေါ်မှာတောင် တိုက်ပွဲဖြစ်တာမရှိပဲ ပစ်ခတ်နေတာဆိုတော့ နောက်ထပ်ဘယ်အချိန် ပစ်လာမယ်မှန်းမသိဘူးဆိုပြီး စိုးရိမ်တာတွေတော့ရှိတယ်”ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုမှာ မည်သည့်ဘက်မှ ကျရောက်လာသည်ဆိုသည်ကို ညဉ့်အချိန်ဖြစ်နေ၍ ဒေသခံများလည်း တိတိကျကျမသိရှိကြပေ။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို DMG က ဆက်လက်စုံစမ်းလျက်ရှိသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...