ဝယ်လိုအား မရှိ၍ ရေးကွမ်းသီးအရောင်းအဝယ် ခဏရပ်နားထား

ဝယ်လိုအား မရှိ၍ ရေးကွမ်းသီးအရောင်းအဝယ် ခဏရပ်နားထား

မွန်ပြည်နယ်ဈေးကွက်အတွင်း ဝယ်လိုအား မရှိသောကြောင့် ရေးကွမ်းသီး အရောင်းအဝယ် ခဏရပ်နားထားကြောင်း ရောင်းဝယ်သူများထံက သိရသည်။

ဈေးကွက်အတွင်း ဝယ်ရောင်းလုပ်မည့်သူများ မရှိသောကြောင့် ကုန်သည်များလည်း အရောင်းအဝယ်ရပ်ထားကြောင်း ကွမ်းသီးရောင်းဝယ်သူ တစ်ဦးက ပြောသည်။

"ကုန်သည်တွေက ကွမ်းသီးလာရောင်းရင် ငွေစိုက်ပြီး ရှင်းပေးရတယ်။ ဒါပေမယ့် အခုက အရောင်းအဝယ်လည်း မရှိတော့ သူတို့လည်း ငွေစိုက်ပြီး မဝယ်နိုင်တော့ဘူး အဲဒါကြောင့် လုပ်ငန်းပါ ရပ်နားထားရတယ်"ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လက်ကျန်ပစ္စည်းများကိုသာ ရောင်းချနေပြီး ပစ္စည်းဝယ်ယူမှု ခဏရပ်နားထားကြောင်း၊ ပြည်တွင်းဈေးကွက်၌ ကွမ်းသီးအရောင်းအဝယ် ရပ်နားထားသည်မှာ တစ်ပတ်ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ် မရှိသော်လည်း ပစ္စည်းဝယ်ယူသိုလှောင်သူများ ရှိကြောင်း မော်လမြိုင် ဈေးကြီးမှ ကွမ်းသီး‌၊ ကွမ်းရွက် ရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

"ခြံသမားတွေဆီကနေ တိုက်ရိုက် ကြိုက်ဈေးပေးပြီး ဝယ်လှောင်တဲ့ သူတွေတော့ ရှိတယ်။ ပိုက်ဆံရှိလို့ ဝယ်လှောင်တဲ့သဘောပေါ့။ အရောင်းအဝယ်ကတော့ မရှိသေးဘူး"ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ဒုတိယအပတ်အထိ ရေးကွမ်းသီး တစ်ပိဿာ ၉၂၀၀ ကျပ် ပေါက်ဈေးရှိခဲ့သော်လည်း အရောင်းအဝယ်ရပ်ထားသောကြောင့် စက်တင်ဘာ ၂၄ ရက်မနက်ပိုင်းတွင် ရေးကွမ်းသီး တစ်ပိဿာ ၈၀၀၀ ကျပ်ထိ ပြန်လည်ကျဆင်းခဲ့သည်။

မွန်ပြည်နယ်မှ ထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန်၊ ပဲခူးနှင့် တစ်ခြားသော ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...